Throne of Blood
Throne of Blood (1957) ဟာ ရှိတ်စပီးယားရဲ့ Macbeth ဇာတ်လမ်းကို ဂျပန်နောက်ခံနဲ့ ပြန်ရိုက်ထားတဲ့ ကူရိုဆာဝါရဲ့ ရုပ်ရှင်ပါ။ သူဟာ ရှိတ်စပီးယားဇာတ်တွေကို အခြေခံပြီး ဒီကားအပြင် Hamlet ကို မှီငြမ်းတဲ့ The Bad Sleep Well (1960) နဲ့ King Lear ကို မှီငြမ်းတဲ့ Ran (1985) တို့ကိုလည်း ရိုက်ခဲ့ပါတယ်။ ဇာတ်လမ်းကျောရိုးကို ယူထားပေမယ့် ဂျပန်ရဲ့ လူမှုဘဝနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားတာပါ။ ကူရိုဆာဝါက Macbeth ကို ရိုက်ချင်နေတာ ကြာခဲ့ပြီး Rashomon (1950) အပြီးမှာ ရိုက်ဖို့ ကြံဖူးပါတယ်။ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာကို သိတော့ ခဏနောက်ဆုတ်ခဲ့တယ်။ ၁၉၅၆ မှာ Throne of Blood၊ The Hidden Fortress နဲ့ Revenge တို့ကို သူထုတ်လုပ်မယ်လို့ ကြေညာခဲ့ပေမယ့် ခန့်ထားချင်တဲ့ ဒါရိုက်တာတွေ အကြောင်းအမျိုးမျိုးကြောင့် မရိုက်ဖြစ်တဲ့အခါ သူကိုယ်တိုင် ရိုက်ဖြစ်လာပါတယ်။ သူ့အမြင်မှာ အလယ်ခေတ် စကော့တလန်နဲ့ ဂျပန်က လူမှုရေးပြဿနာတွေဟာ ဆင်တူပြီး ဒီနေ့ခေတ်အတွက်လည်း သင်ခန်းစာယူစရာ ရှိနေတယ်လို့ ယုံကြည်ခဲ့တာပါ။ ဒီကားမှာ သူမကြာခဏ လက်တွဲခဲ့တဲ့ Toshiro Mifune နဲ့ Takashi Shimura တို့ ပါဝင်ထားပြီး နောက်ပိုင်း ရုပ်ရှင်ဖန်တီးသူတွေကလည်း အလေးပြုမှီငြမ်းခဲ့ကြတယ်။ စတိုရှိခွန်ရဲ့ Millennium Actress မှာလည်း ဒီကားကို မှီငြမ်းထားတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆုဇုခိဟာ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်တစ်ပါးပါ။ သူ့လက်အောက်မှာ ပထမကနေ ပဉ္စမအထိ ခံတပ်ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခု ရှိပါတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိဟာ ရန်သူဘက်က အရှင်နဲ့ပေါင်းပြီး ပုန်ကန်လိုက်တာကြောင့် စတုတ္ထနဲ့ ပဉ္စမခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းတော့တဲ့အချိန် ပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီး ဝါရှိဇုနဲ့ မိခိတို့ အပြင်းအထန် ခုခံတိုက်ခိုက်ကြလို့ သူတို့ဘက်က ပြန်အရေးသာပြီး အောင်ပွဲရခဲ့ပါတယ်။ အရှင်က ဆုချီးမြှင့်မြှောက်စားဖို့ ဆင့်ခေါ်လိုက်တဲ့အခါ ဝါရှိဇုနဲ့ မိခိတို့ ရဲတိုက်ဆီ ထွက်လာကြတယ်။ ဒါပေမယ့် ရဲတိုက်မရောက်ခင် ဝင်္ကပါလို ရှုပ်ထွေးတဲ့ ပင့်ကူအိမ်တောထဲမှာ လမ်းပျောက်ပြီး တစ္ဆေတစ်ကောင်နဲ့ တွေ့ကြပါတယ်။ Macbeth ထဲက စုန်းမသုံးယောက်နေရာမှာ ဒီတစ္ဆေကို သုံးထားတာပါ။ တစ္ဆေက ဝါရှိဇုဟာ မြောက်ပိုင်းခံတပ်ရဲ့ စစ်သူကြီးဖြစ်လာပြီး မကြာခင် ပင့်ကူအိမ်ရဲတိုက်အရှင်ပါ ဖြစ်လာမယ်လို့ ဟောတယ်။ မိခိကတော့ ပထမခံတပ်ရဲ့ စစ်သူကြီးဖြစ်လာပြီး သူ့သားက ရဲတိုက်အရှင် ဖြစ်လာမယ်တဲ့။ အနာဂတ်ကို တကယ်မြင်လို့ ပြောတာလား၊ သူတို့ရဲ့ ဆန္ဒတွေကို လှည့်စားတာလားဆိုတာ မသိရပေမယ့် နှစ်ယောက်လုံး စိတ်ထဲ ဒွိဟဝင်လာကြပါတယ်။ နောက်တော့ တစ္ဆေဟောခဲ့တဲ့အတိုင်း ခံတပ်စစ်သူကြီးရာထူးတွေ တကယ်ရလာကြတယ်။ ဝါရှိဇုရဲ့ဇနီးက ဒီဟောကိန်းကို အရှင်သိသွားရင် သူတို့ကို ဒီတိုင်းထားမှာမဟုတ်ဘူးလို့ စိုးရိမ်နေသလို မိခိကိုလည်း မယုံဘူး။ ခင်ပွန်းကို ကြီးကျယ်စေချင်တဲ့စိတ်ပါ ပေါင်းပြီး အရှင့်ကိုသတ်ကာ ရဲတိုက်ကို အုပ်ချုပ်ဖို့ တိုက်တွန်းပါတော့တယ်။ အစမှာ တွေဝေနေတဲ့ ဝါရှိဇုဟာ အခြေအနေကလည်း အခွင့်ပေး၊ ကိုယ့်ဆန္ဒနဲ့ ဇနီးရဲ့စကားကလည်း တိုက်ဆိုင်လာတဲ့အခါ အရှင့်ကို သတ်လိုက်တယ်။ အဲဒီကနေ ထီးနန်းအတွက် အရှုပ်အထွေးတွေ ဆက်ဖြစ်လာပါတယ်။
ဇာတ်လမ်းအကြောင်း