ဇာတ်ကားများ ရွေးရန်

Transformers: Rise of the Beasts

2023ဇာတ်ကားအမှတ် 7.3/10127 မိနစ်4K

ထရန်စဖော်မာရုပ်ရှင်တွေရဲ့ ခုနစ်ကားမြောက်ဖြစ်တဲ့ ဒီကားမှာ သားရဲပုံစံတွေကို အများဆုံး ပြောင်းတတ်တဲ့ မက်စီမယ်မျိုးနွယ်စု ပါလာပါတယ်။ ဒီတစ်ခေါက် အော်တိုဘော့တွေ ရင်ဆိုင်ရမှာက ဒီဆက်တီကွန်တွေ မဟုတ်ဘဲ ဂြိုလ်တွေကို တစ်လုံးလုံး ဝါးမျိုနိုင်တဲ့ ယူနီခရွန်နဲ့ သူ့တပ်ဖွဲ့တွေပါ။ ယူနီခရွန်ဟာ မက်စီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး သူတို့လက်ထဲက ထရန်စဝါ့သော့ကို လုယူဖို့ ကြိုးစားတယ်။ ဒီသော့က စကြဝဠာတွေထဲ ခရီးသွားနိုင်မယ့် ပေါ်တယ်တံခါးတွေကို ဖွင့်ပေးနိုင်တာကြောင့် ယူနီခရွန်အတွက် နောက်ထပ်ဂြိုလ်တွေကို ရောက်ပြီး ဝါးမျိုနိုင်မယ့်နည်းလမ်း ဖြစ်နေတာပါ။ ယူနီခရွန်၊ သူ့လက်အောက်က တယ်ရာကွန်တွေနဲ့ သူတို့ခေါင်းဆောင် စကာ့ဂျ်ကို မယှဉ်နိုင်တဲ့ မက်စီမယ်တွေဟာ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမယ့် စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကို လုဖို့ ကြိုးစားလာတယ်။ အဲဒီအခါ ဆိုက်ဘာထရွန်စစ်ပွဲကို ရှောင်တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင်မယ်ရဲ့ မက်စီမယ်တွေ ပူးပေါင်းပြီး ယူနီခရွန်ရဲ့တပ်ဖွဲ့တွေကို တားဆီးရပါတော့တယ်။

ဇာတ်လမ်းအကြောင်း