Who Killed Our Father?
လေလာဟာ အဖေဘယ်သူလဲဆိုတာ မသိဘဲ ကြီးပြင်းလာရသူပါ။ အမေကလည်း မူးယစ်ဆေးစွဲပြီး အိမ်ကို ပြန်ချင်မှပြန်လာတတ်တယ်။ လေလာ အသက်ဆယ်နှစ်လောက်မှာ အမေ ဆေးလွန်ပြီး ဆုံးသွားခဲ့ပါတယ်။ ဆုံးရှုံးမှုတွေနဲ့ မစိမ်းတဲ့သူဟာ နောက်တော့ တစ်ဦးတည်းသော အခင်တွယ်ရဆုံး မွေးစားအစ်မ အိုင်းရစ်ကိုပါ ဆုံးရှုံးလိုက်ရပြန်တယ်။ ဒီနောက်မှာ လေလာက အဖေရင်းကို ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ DNA စစ်ဆေးချက်အရ သူဟာ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် စကော့တ်ဟာရတ်ရဲ့ သမီးဖြစ်နေတာ သိလာရပေမယ့် အဖေက ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ပြီဆိုတာပါ တစ်ဆက်တည်း သိလိုက်ရတယ်။ လေလာက အဖေ့ကိုသတ်ခဲ့သူကို ဖော်ထုတ်ချင်သလို သူ့ရဲ့တစ်ဦးတည်းသော သွေးသား၊ ဖအေတူမအေကွဲညီမ ဗွိုင်အိုလက်ကိုလည်း စောင့်ရှောက်ပေးချင်ပါတယ်။ ဒါကြောင့် အတ္တလန်တာကနေ ဖီလစ်ဒဲဖီးယားကို ထွက်လာခဲ့တယ်။ ဗွိုင်အိုလက်ကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူ့ကိုမှမယုံဘဲ မာမာထန်ထန် နေနေသူပါ။ သူက လေလာ့ကို လက်ခံနိုင်ပါ့မလား။ ဖခင်သေဆုံးမှုရဲ့ နောက်ကွယ်က အမှန်တရားနဲ့ နီးကပ်လာတဲ့အခါ သူတို့နှစ်ယောက်အတွက် ဘယ်လိုအန္တရာယ်တွေ စောင့်နေဦးမလဲ။
ဇာတ်လမ်းအကြောင်း