ဇာတ်ကားများ ရွေးရန်

Solace

2015ဇာတ်ကားအမှတ် 6.4/10101 မိနစ်

Solace (2015) ~ IMDb rating - 6.4/10 ~ ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။ ~ ဇာတ်လမ်းအညွှန်း ~ သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက လူတစ်​ယောက်ကို ထိ​တွေ့လိုက်တာနဲ့ အဲဒီလူရဲ့အတိတ်ကိုရော အနာဂတ်ကိုပါ မြင်နိုင်တယ်။ ဒါပေမဲ့ သူက သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး​နောက် အလုပ်ကို​ရော ဘ၀ကြီးကိုရော အရာရာ လက်လျှော့ပြီး မြို့ပြင်မှာ ​ပြောင်း​နေနေတယ်။ ဒီလိုနဲ့ အေးအေးဆေးဆေးနေနေတဲ့ သူ့ဆီ သူ့သူငယ်ချင်းဟောင်း ဂျိုးနဲ့ ကက်သရင်းတို့ရောက်လာတယ်။ ပိရိလွန်းလို့ ဘယ်လိုမှ ဖော်ထုတ်လို့မရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဖမ်းဖို့ အကူအညီလာတောင်းတယ်ပေါ့။ ဆန်းတာက တစ်​ဖက်မှာလည်း အဲဒီ ကွင်းဆက်လူသတ်သမားကလည်း ဂျွန်လိုမျိုး အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိ​နေတယ်။ အနာဂတ်ကို ကြိုမြင်နိုင်တဲ့နှစ်ယောက်ရဲ့ ဉာဏ်ကစားမယ့်ပွဲပေါ့။ ဒီလူက ဒီလိုအစွမ်းမျိုးပိုင်ထားပြီး ဘာလို့ လူ​တွေကို သတ်​နေရတာလဲ... အနာဂတ်ကိုကြိုမြင်နိုင်တဲ့သူနှစ်​​ယောက်ကြား ဘယ်လို​တွေဉာဏ်ကစားကြမလဲ... ဘယ်လို​တွေ အမှုကိုစုံစမ်းကြမလဲ... ဆိုတာ​တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကား​ကောင်းတစ်ကားဆို မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.55GB, 695MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 41Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

ဇာတ်လမ်းအကြောင်း