ဇာတ်ကားများ ရွေးရန်

Marvel's Agent Carter

2016ဇာတ်လမ်းတွဲအမှတ် 7.5/1043 မိနစ်

မာဗယ်ရဲ့ တခြားစကြဝဠာတစ်ခုမှာ ပထမဆုံးစူပါဟီးရိုး ကပ္ပတိန်ကာတာဖြစ်ခဲ့တဲ့ အေးဂျင့်ပက်ဂီကာတာရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်ဗျ။ ကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာ ပက်ဂီကာတာဟာ အက်စ်အက်စ်အာရ်ဆိုတဲ့ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီတစ်ခုမှာ အေးဂျင့်တစ်ယောက်အဖြစ်နဲ့ တာဝန်ဆက်ထမ်းဆောင်ခဲ့ပါတယ်။ စစ်ကြီးထဲမှာတုန်းက ကပ္ပတိန်အမေရိကနဲ့ ဘေးချင်းယှဉ်ပြီးတိုက်ခိုက်ခဲ့တဲ့အထိ အရည်အချင်းရှိခဲ့ပေမဲ့ ဖိုဝါဒီတွေ လွှမ်းမိုးနေတဲ့ စစ်ပြီးခေတ်မှာတော့ အေးဂျင့်ကာတာဟာ အရည်အချင်းတွေ ထုတ်ပြခွင့်မရဘဲ ရုံးအတွက် ဖုန်းလက်ခံပေးတာ၊ နေ့လယ်စာမှာပေးတာ စတဲ့အလုပ်တွေသာ လုပ်နေရပြီး အေးဂျင့်တစ်ယောက်ဖြစ်ပေမဲ့ အတွင်းရေးမှူးသာသာ သဘောထား၊ ဆက်ဆံခံနေခဲ့ရပါတယ်။ တစ်နေ့မှာတော့ လက်နက်တွေကို တရားမဝင်ရောင်းချမိတာကြောင့် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အစွပ်စွဲခံထားရတဲ့ မိတ်ဆွေဟောင်းဖြစ်သူ ဟောင်းဝဒ်စတာ့ခ်တစ်ယောက် သူ့ရဲ့နာမည်ကို ပြန်ဆယ်ပေးဖို့အတွက် အေးဂျင့်ကာတာကို အကူအညီတောင်းလာတဲ့အခါမှာတော့ အရည်အချင်းပြခွင့်မရသေးတဲ့ အေးဂျင့်ကာတာအတွက် အခြေအနေတွေဟာ အပြောင်းအလဲကြီး ပြောင်းလဲခဲ့ရပါတော့တယ်။ ဒီ Agent Carter ဆိုတဲ့ ဇာတ်လမ်းတွဲဟာ MCU ထဲမှာ အပါအဝင်ဖြစ်ပြီး Captain America: The First Avenger ရဲ့ တိုက်ရိုက် နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ ဒီ Series ဟာ ဇာတ်လမ်းသွား ခပ်သွက်သွက်နဲ့သွားထားပြီး ပက်ဂီကာတာနဲ့ ဟောင်းဝဒ်စတာ့ခ်ရဲ့အိမ်တော်ထိန်း ဂျားဗစ်တို့ရဲ့ စွန့်စားခန်းတွေနဲ့အတူ ဇာတ်လိုက်မမ ဟေးလေးအတ်ထ်ဝဲရဲ့ အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ မာဗယ်ပရိသတ်တွေအနေနဲ့ အနည်းဆုံး တစ်ခေါက်လောက်တော့ကြည့်ဖူးသင့်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်ဗျ...။ File size…686Mb / 1.32Gb Quality….Webrip 720 / 1080p Format…mp4 Duration….50 Min Genre...Drama, Sci-Fi & Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

အပိုင်းများ

18 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း