ဇာတ်ကားများ ရွေးရန်

Ride

2023ဇာတ်လမ်းတွဲအမှတ် 9.3/10

Ride (2023) ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ နွားရိုင်းစီးနင်းတဲ့ အားကစားကို အခြေခံထားတဲ့ Sports, Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် မက်မယ်ရီမိသားစုဟာ ကန်ညွန်တောင်တန်းတွေမှာ နေထိုင်ရင်း မွေးမြူရေးခြံနဲ့ နွားရိုင်းစီးနင်းမှုကိုလုပ်ကိုင်တဲ့ မိသားစုပါ သူတို့နယ်မြေမှာတော့ အကောင်းဆုံး နွားရိုင်းစီးနင်းသူ ချန်ပီယံတွေကိုမွေးထုတ်ပေးတဲ့ မိသားစုအဖြစ် ကျော်ကြားပါတယ် ဖခင်ဖြစ်သူ ဒက်စတီခေတ်က စလို့ သားဖြစ်သူ အော်စတက် မက်မယ်ရီအထိ နွားရိုင်းစီးနင်းပြိုင်ပွဲတွေမှာဗိုလ်စွဲခဲ့တာကြောင့် မြို့ဂုဏ်ဆောင်နေတဲံ့ မိသားစုလည်းဖြစ်ပါတယ် အောစတင်..ကတ်ရှ်...တက်ဖ် ဆိုတဲ့ ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲ အော်စတင်ကတော့ မိသားစုဂုဏ်ဆောင်သားကြီးဖြစ်ပြီး အလေးပေးအခံရဆုံးပါ တစ်နေ့မှာ အော်စတင်အတွက် သမိုင်းဝင်စေမယ့် ဟာရီကိန်းနွားရိုင်းကြီးကို တစ်မြို့လုံးရှေ့မှာ ၈ စက္က့န်အကြာထိ တောင့်ခံစီးပြရင်းနဲ့ မတော်တဆဖြစ်ကာ နွားတက်နင်းပြီး သေဆုံးသွားပါတယ်... သူတို့မိသားစု ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး ခြံကိုပါ ဆုံးရှုံးရမလိုဖြစ်နေပါပြီ မရိန်းတပ်မှာတာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့ သားအလတ် ကတ်ရှ်က သူ့အစ်ကိုကြီး အော်စတင်ရဲ့ တာဝန်ကိုယူပြီး ကျန်ခဲ့တဲ့မိသားစုဝင်ကို စောင့်ရှောက်ဖို့တာဝန်ကျလာပါတယ် သူ့အစ်ကိုနဲ့ အဖေ့ခြေရာနင်းဖို့ နွားရိုင်းစီးနင်းသူအဖြစ် လေ့ကျင့်ရင်း ကန်ညွန်ချန်ပီယံဖြစ်အောင် ပြန်ကြိုးစားပါတော့တယ်... အပိုင်း ၁၀ ပိုင်းပါဝင်ပြီး စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre..... Sports, Drama, Western Quality…. 1080p | 720p File size… 800MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... Aaron

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း