ဇာတ်ကားများ ရွေးရန်

Special Ops: Lioness

2023ဇာတ်လမ်းတွဲအမှတ် 8.0/1060 မိနစ်

Lioness [ S1 + S2 ] Complete ++++++++++++++ Lioness [ 2026 ] S3 Ongoing +++++++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး Season 3 မှာတော့ ရုရှား-ယူကရိန်း စစ်မြေပြင်အထိ စစ်ဆင်ရေးနယ်မြေ ကျယ်ပြန့်လာမှာဖြစ်ပြီး ယခင် Season တွေထက် ပိုမိုကြမ်းတမ်း၊ ပိုမိုရင်သပ်ရှုမောဖွယ် ကြည့်ရှုရတော့မှာပါ။ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအကြောင်း ရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး ဒါရိုက်တာကတော့ Yellowstone, Wind River တို့လို ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ Taylor Sheridan ပါပဲ။ မင်းသမီးကတော့ Avatar ထဲက နတေးရီးအဖြစ်၊ GotG ထဲက ဂါမိုရာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zoe Saldana ပါပဲ။ သူနဲ့အတူ နီကိုးကစ်မန်း၊ မောဂန်ဖရီးမန်းတို့လည်း ပါပါသေးတယ်။ ဒီတော့ စီးရီးအနေနဲ့ကြည့်ရင်တော့ သရုပ်ဆောင်အကြီးတန်း အတော်သုံးထားသလိုပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++ အာဖဂန်၊ အီရတ် ရှေ့တန်းတွေမှာ ဖမ်းမိတဲ့ အမျိုးသမီးတွေကို စစ်ဆေးဖို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ရှာရာကနေ "ခြင်္သေ့မ အထူးတပ်ဖွဲ့" ဆိုတာ ပေါ်လာပါတယ်။ အဲဒီအဖွဲ့ဝင် အမျိုးသမီးတွေဟာ အရေးကြီးပစ်မှတ်တွေရဲ့ ဇနီး၊ ရည်းစား၊ မိသားစုဝင်တွေကို အသွင်ယူပြီး ခင်အောင်ဝင်လုံးရပါတယ်။ အဲဒီကနေမှ ပစ်မှတ်ရဲ့ သတင်းကို စုဆောင်းပြီး အထူးတပ်ဖွဲ့တွေက လုပ်ကြံတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ စပိုင်ဆန်ဆန် thriller ဇာတ်လမ်းကိုမှ စစ်ဆင်ရေးနဲ့ တိုက်ပွဲတွေ ပေါင်းစပ်ထားတာမို့ ကြည့်လို့ အရမ်းကောင်းမယ့် စီးရီးတစ်ခုပါပဲ။ စုစုပေါင်း (၈) ပိုင်း ပါဝင်ပြီး အပတ်စဉ် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ File Size.............(250 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............60Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Drama, Thriller Translator..........Mr.Anderson Encoder..............SWM

အပိုင်းများ

24 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း