ဇာတ်ကားများ ရွေးရန်

The Mandalorian

2019ဇာတ်လမ်းတွဲအမှတ် 8.5/104K

ဒစ်စနေးရဲ့ ပွဲဦးထွက် စတားဝါးစ် စီးရီးလာပါပြီ။ အတော်ကို လန်းပါတယ်။ စတားဝါးစ်ဖန်တွေ အကြိုက်တွေ့မှာပါ။ အထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေ ယာဉ်တွေ လုပ်ထားတာအတော်ကိုကောင်းပါတယ်။ စီးရီးဆိုပေမယ့် ရုပ်ရှင့်အဆင့်နီးပါး ဖန်တီးထားတာပါပဲ။ တိုက်ခိုက်ခန်းတွေကလည်းတကယ့် စတားဝါးအငွေ့အသက်ကို ရမှာပါ။ ကြည့်လေလေ သဘောကျလေလေပါပဲ။ ဇာတ်လမ်းကတော့ တစ်ပိုင်းထဲနဲ့ ကောင်းမကောင်းပြောဖို့ခက်ပါသေးတယ်။ အပိုင်း ၁ ရဲ့ အခြေအနေအရတော့ မေးခွန်းတွေနဲ့စိတ်ဝင်စားစရာ ကောင်းနေတုန်းပါပဲ။ ဒီစီးရီးရဲ့ အချိန်ကာလကတော့စတားဝါးစ် ၆ - ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။ ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာအသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။ စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာစတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။ သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။ စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာမိတ်ဆက်သွားတာကို တွေ့မှာပါ။ နောက်ပြီး စတားဝါး ၂ - ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက်မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။ ဒီအထဲမှာ ဘက်စကာဆိုတဲ့ မန်ဒါလိုရီးယန်းဝတ်စုံသတ္တုလည်း ပါပါတယ်။ တစ်ပတ်တစ်ပိုင်းနှုန်း ဆက်ကြည့်လိုက်ကြရအောင်။ File size… 1.6 GB/600 MB / 300MB Quality… Bluray 4K/1080p / 720 Format… mp4 Duration…. 50m @Episode Genre ..... Action , Sci-fi , Fantasy Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

24 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း