ဇာတ်ကားများ ရွေးရန်

What If...?

2021ဇာတ်လမ်းတွဲအမှတ် 8.2/1034 မိနစ်4K

IMDb Rating - 8.7/10 Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animation အနေနဲ့ထွက်လာတာပါ။ ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာ​​လေးက ​တောင်ပံ​လေးတစ်ချက် ခတ်လိုက်တာ​ပဲ...ဒါ​ပေမယ့် ကမ္ဘာဟိုဘက်ခြမ်း မှာ​တော့ ​လေဆင်နှာ​မောင်းပါ တိုက်သွားတယ်ဆိုတဲ့ "Butterfly effect"ဆိုတာကို ကြားဖူးကြသလားဗျ၊ "အကယ်၍များ" ဒီလိပ်ပြာ​လေး ​တောင်ပံမခတ်ခဲ့ရင်၊ "အကယ်၍များ" ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့် ကိုယ့်ရဲ့လုပ်​ဆောင်မှု​​​သေး​​သေးလေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ​ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုး လူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။ "အကယ်၍များ" ​ဆုံးဖြတ်ချက်တစ်ခု​ကြောင့် Marvel Universe တစ်ခုလုံး က​ပေါက်တိက​ပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်​တွေနဲ့ရင်းနှီးပြီးသား ဇာတ်​ကောင်​တွေပြောင်းလဲကုန်​ရင် အပြိုင် World​အသစ်တွေ၊ Multiverse အသစ်​တွေ ထွက်​ပေါ်လာရင်....စသဖြင့် မ​ရေမတွက်နိုင်တဲ့ ဖြစ်နိုင်​​ခြေ​တွေ၊ Timelineအသစ်၊ Universeအသစ်​တွေကို ချပြသွားမယ့် Marvelရဲ့ Brand New Animation seriesအသစ် " What if....? " ထွက်ရှိလာပါပြီ။ Live actionက အသံသရုပ်​ဆောင်​ တော်​​တော်များများ ပြန်ပါလာသလို ပရိတ်သတ်​တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိ​သေးတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုး​တွေကို Animationအ​နေနဲ့ ကြည့်ရှုခံစားရမှာပါ၊ အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်း အပိုင်းသစ်ထွက်မှာ ဖြစ်ပြီး Channel Myanmarက​နေ အပတ်စဥ်တင်ဆက်​ပေးသွားမှာပါ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ JimX, Pyi T. Nyein တို့ပဲဖြစ်ပါတယ်။) Quality – WEB-DL 4K HEVC , 1080p, 720p Duration – 30 mins (@Episode) Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Action, Adventure, Animation, Fantasy Translator – JimX, Pyi T. Nyein Encoder – SWM

အပိုင်းများ

26 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း