ဇာတ်ကားများ ရွေးရန်

Heels

2023ဇာတ်လမ်းတွဲအမှတ် 7.3/1060 မိနစ်

Season 1 ဒီ အပတ် Sunday လောက်မှာပဲ Arrow ဇတ်လမ်းတွဲ နှင့် လူသိများ နာမည်ကြီး ခဲ့တဲ့ မင်းသား Stephen Amell ရဲ့ ဇတ်လမ်းတွဲ အသစ် Heels အပိုင်း ၁ စတင် ထွက်ရှိခဲ့ပါတယ်.... WWE လို နပန်းဖျော်ဖြေရေး ပွဲ တွေ ကြိုက်နှစ်သက်တဲ့ Fan တွေ အတွက်တော့ လုံး၀ အကြိုက်တွေ့မယ့် စီးရီးပါ ဇတ်လမ်းပုံစံကတော့ DWL (နပန်းဖျော်ဖြေရေးရုံ) ကို စတင် တည်ထောင်ခဲ့သူ King Spade ရဲ့ သားကြီး ဖြစ်သူ Jack Spade ဟာ ဖခင်မရှိတော့တဲ့နောက် DWL ကို အတော်ကြီး ကြိုးစား ရုန်းကန် တောင့်ခံထားရပါတယ် နပန်းဖျော်ဖြေရေး ပွဲတွေ အတွက်လဲ ဇတ်ညွှန်းတွေ နဲ့ သွားရတာပါ DWL ကို ဖခင်မရှိတော့တဲ့ နောက် နာမည်မပျက်အောင် မကျအောင် ကြိုးစားထိန်းသိမ်းရင်း ဇနီးဖြစ်သူ နဲ့ တိုင်ပင်ရင်း ရှေ့ဆက်နေခဲ့ပါတယ် ညီဖြစ်သူ Ace Spade မှာလဲ နပန်းသမားအသစ် ဖြစ်လာပြီး Jake ရဲ့ ဇတ်ညွှန်းတွေကို သိပ်မလိုက်နာသူလဲ ဖြစ်ပါတယ် တဇွတ်ထိုးဆန်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးတက်သူ ဖြစ်လို့ Jake ခေါင်းကိုက်ရတဲ့ အခိုက်တွေလဲ မနည်းပါဘူး အပြိုင်အဆိုင်များတဲ့ လောကဖြစ်ပြီး Jake ရဲ့ DWL ဟာ ထင်သလောက် နာမည် တက်မလာပါဘူး ဒီတော့ ညီဖြစ်သူ Ace နဲ့ Jake ညီအကို နှစ်ယောက် ထိုးသတ်မယ့် ဇတ်ညွှန်းတစ်ခုကို လူစိတ်ဝင်စားအောင် စပြင်ပြီး ပွဲလာကြည့်သူ များကို ပိုစိတ်ဝင်စားစေရန် စီစဉ်ခဲ့သော အခါမှာတော့.... မင်းသား Stephen Amell ကိုယ်တိုင်က နပန်းပညာကို တတ်မြောက်ပြီး WWE/ROH/All In/AEW နပန်းဖျော်ဖြေရေးတွေမှာ ပါဝင်ထိုးသတ်ဖူးပါတယ် သရုပ်ဆောင်ပိုင်းမှာလဲ ပြောစရာမရှိအောင် ကောင်းမွန်လှတဲ့... နပန်းဖျော်ဖြေရေးတွေရဲ့ ဘဝရသစုံ ချိုချဉ်ငံစပ်ခါး အသွယ်သွယ်ကို ပီပြင်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ Heels ကို စတင် ကြည့်ရှုနိုင်ပါပြီ Quality - 1080P Webrip Subtitle - Burmese Duration - 1hr Format - MP4 File Size - 600 MB Encoder - Thit San Khant Translator - JimX , Mr.Human Heels Season 2 (2023) Arrow မင်းသားလို့လူသိများကြတဲ့ Stephen Amell ရဲ့ Heels ဆိုတဲ့ TV Series လေး Season 2 ထပ်မံထွက်ရှိလာပါပြီ။ Season 2 မှာတော့ Episode 8 ခုပါဝင်မှာဖြစ်ပြီး တစ် တစ်ပိုင်းဆီ တင်ဆက်ပေးသွားမှာပါ။ Season 2 အစမှာတော့ ယခင် Season 1 မှာအဆုံးသတ်ခဲ့တဲ့ စပိတ်ဒ်မိသားစုကြီးရဲ့ ဘုရင် တွမ်စပိတ်ဒ်ကြီး ကိုယ့်ကိုကိုယ် သတ်သေသွားရာကနေ မိသားစုအတွင်းမှာ အဖုထစ်တွေရှိလာခဲ့ပါတယ်။ ဒါ့အပြင် သူတို့မိသားစုပိုင် လက်ဝှေ့ခန်းမကြီးကိုပါ ဆုံးရှုံးရတော့မဲ့ အခြေအနေပါ။ ဂျက်ကလဲ သူ့အဖေ ဒီလိုသတ်သေသွားတဲ့အတွက် သူ့အဖေကိုခွင့်မလွှတ်နိုင်ဖြစ်နေပါတယ်။ သူ့ညီအေ့စ်ကလဲ အဖေမရှိတော့မှပဲ အဖေ့အမွေကိုဆက်ခံတဲ့အနေနဲ့ နပမ်းလောကထဲ ဝင်ဖို့ကြိုးစားပါတော့တယ်။ နောက်ဆုံးတော့ ညီကိုနှစ်ယောက် နောက်ဆုံးသူတို့အဖေကို နှုတ်ဆက်ပွဲအနေနဲ့ နပမ်းထိုးသတ်ကြဖို့ သဘောတူလိုက်ကြပါတယ်။ သူတို့ညီကိုနှစ်ယောက် သဘောထားချင်းတိုက်ဆိုင်မလား ဂျက်ကကော သူ့အဖေကိုခွင့်လွှတ်ပေးနိုင်မှာလား အေ့စ်အနေနဲ့ကကော သူ့အဖေရဲ့ အမွေနှစ်ကို ထိန်းသိမ်းထားနိုင်မှလားကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းနဲ့ စောင့်ကြည့်အားပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama Quality…. 1080p | 720p File size… 800MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....K.Hein Encoder ..... Aaron

အပိုင်းများ

16 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း