Succession
2022 ခုနှစ် အကောင်းဆုံးရုပ်ရှင်စီးရီးအဖြစ် Emmy ဆုရရှိသွားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေအများကြီးရဲ့ အားပေးမှုကို ရထားတဲ့ ဒရာမ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ နာမည်ကတော့ ဆက်ခံမှု ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီစီးရီးကိုတော့ အက်မင်က စီးပွားရေး Game of Thrones လို့ တင်စားချင်ပါတယ်။ GoT လို အတိုက်အခိုက်တွေ နဂါးတွေအစား စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ ကွက်ကျော်ရိုက်ပုံတွေ၊ နောက်ကျောဓားနဲ့ထိုးပုံတွေ ကာရိုက်တာတွေ ပြောင်းလဲလာပုံတွေနဲ့ တင်ဆက်ထားတာမို့ စီးပွားရေးဗဟုသုတရော ရသပါ အတော်လေးပြည့်စုံတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ကာရိုက်တာတွေကလည်း Game of Thrones လိုပဲ တစ်မျိုးစီထူးခြားပြီး အကြံကိုယ်စီနဲ့ ဖြစ်နေပါတယ်။ ကြားထဲမှာ အပူးအပေါင်းတွေ အကွဲအပြဲတွေ လှည့်ကွက်တွေလည်း အတော်ကို စုံပါတယ်။ ဇာတ်လမ်းအကျဉ်း လိုဂန် ရွိုင်ဆိုတဲ့ အောက်ခြေကတက်လာတဲ့ ဘီလီယံနာ သူဌေးကြီးဟာ မီဒီယာ နဲ့ ဖျော်ဖြေရေးလောကရဲ့ အင်အားအကြီးဆုံးကုမ္ပဏီကြီးတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူ အသက် ၈၀ ပြည့်တဲ့အချိန်မှာ စီအီးအို အမှုဆောင်ချုပ်အဖြစ်ကနေ အနားယူပြီး သူ့ရဲ့ သားသမီးတွေထဲက တစ်ယောက်ကိုလက်လွှဲပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူ့သားသမီးတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့မို့ ကုမ္ပဏီကို စိတ်ချလက်ချလက်လွှဲစရာလူ ရှာမတွေ့ဖြစ်နေတုန်းပါပဲ။အဲဒီအချိန်မှာပဲ လိုဂန်တစ်ယောက် ဦးနှောက်သွေးကြောပေါက်ပြီး သတိလစ်သွားခဲ့ပါပြီ၊ လိုဂန်ရဲ့ ကျန်းမာရေးသတင်းဟာ ရှယ်ယာဈေးကွက်ကြီးတစ်ခုလုံးကို ရီုက်ခတ်သွားနိုင်တာမို့ တစ်ရက်အတွင်း လိုဂန့်နေရာကို ဆက်ခံဖို့ လူတွေကို မိသားစုဝင်တွေဘုတ်အဖွဲ့တွေ အမြန်ရွေးချယ်ရပါတော့မယ်။ အဲဒီကစပြီး ဇာတ်ရှိန်တွေတက်သွားလိုက်တာ အခု နောက်ဆုံးစီစန်အထိပါပဲ။ ဒီဇာတ်လမ်းတွဲကြည့်ပြီးသွားရင်တော့ စီးပွားရေးသမားအကြီးစားဖြစ်လာဖို့ ဘယ်လောက်ဉာဏ်များပြီးဘယ်လောက် ရက်စက်ပြတ်သားဖို့လိုလဲဆိုတာပါ တွေ့လာပါလိမ့်မယ်။ file size…600MB Quality….Webrip 1080p / 720p Format…mp4 Duration….1hr 5 Min Genre...Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
အပိုင်းများ
39 အပိုင်း၊ season 4 seasonဇာတ်လမ်းအကြောင်း