ဇာတ်ကားများ ရွေးရန်

The King Dae Joyoung

2006ဇာတ်လမ်းတွဲအမှတ် 7.0/1050 မိနစ်

အပိုင်း (၁ )မှ (၁၃၄)စ/ဆုံး ဂျူမုံတည်​​ထောင်​ခဲ့တဲ့ အင်​အားကြီးမားတဲ့ ဂိုဂူ​လျော ပျက်​သုန်​းပြီးတဲ့​နောက်​မှာ​တော့ နှစ်​​ပေါင်​း ၃ဝအကြာမှာ ဂိုဂူ​လျောကိုဆက်​ခံပြီး ကျယ်​ပြန်​့တဲ့ ဘားဟယ်​အင်​ပါယာကို တည်​​ထောင်​ခဲ့တဲ့ ဒယ်​ဂျို​ယောင်​းကို​တော့ ကိုးရီးယားစစ်​ကား ဝါသနာရှင်​​တွေ မသိတဲ့သူခပ်​ရှားရှားရယ်​ပါ။ အင်​အားအကြီးဆုံးဖြစ်​တဲ့ ထန်​နိုင်​ငံနဲ့ ဂိုဂူ​လျော တို့တိုက်​ပွဲဖြစ်​​နေချိန်​မှာ ဂိုဂူ​လျောစစ်​သူကြီး ဒယ်​ဂျွန်​ဆန်​းရဲ့သား ​ ဒယ်​ဂျို​ယောင်​းကို ​စစ်​ပွဲကြားမှာ ​မွေးဖွားခဲ့ပါတယ်​။ တစ်​ချိန်​ ဘုရင်​ဖြစ်​လာလိမ့်မယ်လို့ နမိတ်ဖတ်ခံထားရတဲ့သူပေါ့၊ ဂိုဂူ​လျောရဲ့ ထိပ်​တန်​း စစ်​သူကြီးဖြစ်​တဲ့ ​ယောင်​းဂယ်​ဆိုမွန်​က ဒီက​လေးကို သတ်​ဖို့ရည်​ရွယ်​ခဲ့​ပေမယ်​့ သူတို့မရှိ​တော့တဲ့တစ်​​နေ့ ​နောင်​တစ်​ချိန်​ ဂိုဂူ​လျောက်​ုိ ဒီက​လေး​စောင်​့​ရှောက်​လိမ်​့မယ်​ဆိုတဲ့ စစ်​သူကြီး ယန်​းမန်​ချွန်​းရဲ့စကား​ကြောင်​့ အသက်​ချမ်​းသာ​ပေးခဲ့ပြီး ဒယ်​ဂျို​ယောင်​း​လေးကို ​မွေးဖွားစဉ်​ကတည်​းက မိခင်​နဲ့ခွဲပြီး ​ယောင်​းဂယ်​ဆိုမွန်​ရဲ့အိမ်​မှာ ဂယ်​တုံ (​ခွေး​ကောင်​​လေး) ဆိုတဲ့ နာမည်​နဲ့ ​ကျွန်​အဖြစ်​ ​ခေါ်ထားခဲ့ပါတယ်​။ ​ယောင်​းဂယ်​ဆိုမွန်​ရဲ့ ကျွန်​အဖြစ်​ကြီးပြင်​းခဲ့ရတဲ့ ဂယ်​တုံ​လေးဟာ သူ့ရဲ့နာမည်​အရင်​းနဲ့ မိဘ​တွေကိုသိလိုသူဖြစ်​ပြီး စစ်​​ရေးနဲ့ စာ​ရေးစာဖတ်​ကို ကိုယ်​တိုင်​သင်​ယူခဲ့ပါတယ်​။ ဒယ်ဂျိုးယောင်းတစ်ယောက် ကျွန်အဖြစ်ကနေ သူရဲကောင်း  တစ်ယောက်အဖြစ် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ခံ စားကြည့်လိုက်ပါဦး..... အချိုးအကွေ့ အလှည့်အပြောင်းတွေ ဇာတ်လမ်းရဲ့ ဇာတ်ရှိန်အတက်အကျ သူရဲကောင်း ယောကျင်္ားကောင်းတို့ရဲ့လက်ရုံးရည် နှလုံးရည် လွမ်းမောဖွယ် ချစ်ခြင်းေ်မတ္တာ စတဲ့ အင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ဒယ်ဂျိုယောင်းကားဟာ မြန်မာပရိတ်သတ်တွေရဲ့ အကြိုက်ဖြစ်ခဲ့တယ်... ဒီကားကို ကြည့်ဖူးတဲ့သူတော်တော်များများရှိပါလိမ့်မယ်.. . သို့ပေမယ့်လည်း မိုးရာသီလေးမှာ ခံစားဖို့ရာ ဇာတ်လမ်းတွဲကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါသည်. . ဇာတ်လမ်းအညွှန်းကိုတော့ Lwin Lwin Aungကရေးသားပြီး ဇာတ်လမ်းတွဲမြန်မာဘာသာပြန်ဆိုမှုအား Yangon Movie Storeမှကူညီပေးထားပါသည်..... Quality – HDTV Duration – 60 Min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Subtitled by – Yangon Movie Store Encoder -  Phyo Pyae

အပိုင်းများ

134 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 134 အပိုင်း

ဇာတ်လမ်းအကြောင်း