Jujutsu Kaisen
IMDb 8.5/10 MyAnimeList 8.6/10 ဒီဂျပန်ကာတွန်းကိုစကြည့်တော့ ပေါက္ကံပြည်ကိုအိန္ဒိယကနေ (မလေးနိုင်ငံ ပီနန်ကျွန်းလို့လည်းတချို့ကပြောကြတယ်) သင်္ဘော ပျက်လို့ ပျဥ်ပြားဖက်ပြီးရောက်လာတဲ့ ဗျတ်ဝိ၊ ဗျတ္ထပဲပြေးမြင််တယ်ဗျ။ နိုင်ငံခြားသားဆိုပေမဲ့ ဘုန်းကြီးကျောင်းက ဇော်ဂျီဖိုဝင်သားခိုးစားရာ ကနေ အစွမ်းရသွားလိုက်တာ အငယ်ကောင်ဖြစ်တဲ့ဗျတ္ထရဲ့သားတွေ အထိ အစွမ်းတွေရခဲ့တယ်လို့ဆိုကြတယ်။ ဗျတ္ထသားတွေဖြစ်တဲ့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးတို့နှစ်ကောင် ဘယ်လောက်ကြမ်းလဲဆိုရင် တရုတ်ပြည်က ဗိုက်ပူမြို့စားရဲ့ဗိုက်ကို ရန်သူပေါင်းသောင်းခြောက်ထောင် မကရှိနေတဲ့ကြားက ထုံးသွားကွင်းပြီး "ဖတ်၊ ဖတ်၊ ဖတ်"ရိုက်ကာ ခြိမ်းခြောက်ခဲ့တဲ့အထိပါပဲ။ စွမ်းလွန်းလို့ သေသွားတာတောင် မင်းကြီး၊ မင်းလေးဆိုပြီး မြန်မာတနိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူတွေ ဖင်ဘူးထောင်းထောင်ပြီး ထိုင်ကန်တော့ခဲ့ကြတာ အခုအချိန်အထိပဲဗျ။ ဒီစီးရီးရဲ့ဇာတ်လမ်းမှာလည်း ဇာတ်လိုက်မင်းသားဟာ ဆုခုနဆိုတဲ့ ကျိန်စာကောင်ရဲ့လက်ချောင်းကိုစားမိလိုက်တာကနေ သောက်ကြမ်း ကြီးဖြစ်သွားပါတယ်။ (မြန်မာမှာဆိုရင် နတ်ကွန်းပဲတင်ပြီး ဂျပန် ဆာကေးအရက်တိုက် ထိုင်ကန်တော့နေကြလောက်ပြီ)။ ဒါပေမဲ့လည်း သူ့ထက်သူသောက်ကြမ်းတွေရှိနေတော့ ပိုပြီးသောင်းကြမ်းဖြစ်အောင် ကြိုးစားတယ်ပေါ့ဗျ။ ဒါက ဇာတ်လမ်းအကျဥ်း။ နည်းနည်းဖြည့်ပြောချင်တာလေးတွေဆက်ပြောပါမယ်။ Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleach ရဲ့ပရိသတ်အကြီးစားပါ။ ဒါကြောင့် ဒီစီးရီးကိုကြည့်နေရင်းနဲ့ bleachအငွေ့အသက်မျိုးရပါလိမ့်မယ်။ (ကော်ပီကူးတာ မဟုတ်ဘူးနော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting style တွေလည်းမတူဘူး)။ ပြီးတော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်က ဘတ်ဂျက်ဗျ။ တပိုင်းကို အမေရိကန်ဒေါ်လာတသိန်းခွဲသုံးခဲ့တာ ဆိုတော့ သူ့ထက်ပိုများတာ dragon ball superပဲရှိပါတယ်။ ဒါကြောင့်မလို့လည်း animationတွေက တော်တော်ကိုလှပ သပ်ရပ်နေတာပါ။ (သူ့လောက်ဘက်ဂျက်သုံးထားတာဆိုရင် aotရှိပါတယ်။ narutoလည်း တပိုင်း တသိန်းသုံးခဲ့တာပါ။ တခုတော့ရှိတယ်ဗျ။ ငွေကြေးဖောင်းပွတာနဲ့ပြန်တွက်ရင် narutoရဲ့ ထုတ်လုပ်မှုစရိတ်က တပိုင်း တသိန်းခွဲလောက်ရှိနိုင်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း၄ထောင့်ငါးရာလောက်ပေါ့။ စျေးသိပ်မများပါဘူး။ 🤣) အတွဲ ၂လည်း ဂျူလိုင်လဆိုရင် ကြာသပတေးညတိုင်းလာတော့မှာဗျ။ အတွဲ၂ကတော့ ဘတ်ဂျက်အဲ့လောက်မသုံးတော့ဘူးလို့ကြားတာပဲ။ ကဲပါလေ....ကြည့်ကောင်းမကောင်း ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့ တော်သေးပြီ File Size – 426MB @Episode Quality – 1080p Duration – 24 minute (@Episode) Total Episodes: 47Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Animation / Action / Adventure
အပိုင်းများ
59 အပိုင်း၊ season 3 seasonဇာတ်လမ်းအကြောင်း