ဇာတ်ကားများ ရွေးရန်

My Happy Ending

2023ဇာတ်လမ်းတွဲအမှတ် 7.0/10

My Happy Ending(2023) အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံး ပရိဘောဂ ကုမ္ပဏီတစ်ခုရဲ့ CEO လည်းဖြစ်၊ Follower 1သန်းကျော်ရှိတဲ့ influencer တစ်ဦးလည်းဖြစ်တဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဆောဂျယ်ဝန်းဟာ ငယ်ဘဝမှာကတည်းက လောင်းကစားစွဲနေတဲ့ အမေရင်းကိုယ်စား ပထွေးဖြစ်သူရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုနဲ့အတူ အခက်အခဲမရှိ ဖြောင့်ဖြူးတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်လာတဲ့အထိ ဘေးကနေ ကိုယ်ရောစိတ်ပါ ကူညီပေးပြီး မိသားစုကို အလေးထားတဲ့ ခင်ပွန်းကောင်းရယ်၊ ချစ်စရာသမီးလေးရယ်နဲ့ ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်ထားတဲ့အပြင် အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။ ဆောဂျယ်ဝန်းဟာ သူအခုလို အစစ အရာရာ ပြည့်စုံပြီး အောင်မြင်နေတဲ့ဘဝကို ပိုင်ဆိုင်နိုင်တာဟာ သူ့ဘေးကလူတွေရဲ့ကျေးဇူးတွေကြောင့်လို့တွေးပြီး သူ့ဘေးကလူတွေကို အကျွင်းမဲ့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ သူ့ရဲ့ ယုံကြည်မှုတွေအားလုံးကို ရိုက်ချိုးခံလိုက်ရတဲ့ အခိုက်အတန့်ဟာ ရောက်ရှိလာခဲ့ပါတော့တယ်။ အောင်မြင်မှုနောက်ကိုပဲ လိုက်နေခဲ့ပြီး ယုံကြည်မှုတွေကို ရိုက်ချိုးခံလိုက်ရတဲ့အခါ၊ လူတွေရဲ့ သစ္စာဖောက်မှုတွေကို သိလိုက်ရပြီးနောက်မှာ သူဘယ်လို ဆက်လုပ်မလဲ? လက်စားချေမှာလား? Drama နာမည် My Happy Endဆိုတဲ့အတိုင်းပဲ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းဖန်တီးနိုင်မှာလားဆိုတာ စောင့်ကြည့်ပေးကြပါဦးနော် Aired: Dec 30, 2023 - Feb 18, 2024 Aired On: Saturday, Sunday Genres: Thriller, Mystery, Psychological, Drama Duration: 60 mins Episodes: 16 Original Network: VIKI Translated by  Treasure Htet, Ashley, Toe Toe Aung,Hsu Lei Yadanar &  Chothet Encoded by  Phyo Pyae

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း