ဇာတ်ကားများ ရွေးရန်

Welcome to Samdal-ri

2023ဇာတ်လမ်းတွဲအမှတ် 8.0/10

Welcome to Samdal-ri (2023) Jo Yong Pil (Ji Chang Wook) က မိုးလေဝသခန့်မှန်းသူတစ်ဦးပါ။ မှားယွင်းတဲ့ မိုးလေဝသခန့်မှန်းမှုကြောင့် မိခင်ဖြစ်သူသေဆုံးသွားပြီးတဲ့နောက် မိုးလေဝသခန့်မှန်းသူလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမှန်တယ်ထင်ရင် အထက်လူကြီးတောင် မကြောက်ဘဲ ပြန်ပြောတတ်တဲ့လူမလို့ ဌာနရဲ့ ပြဿနာအိုး အမွှေစိန်လို့ နာမည်ကြီးပြီး ဇာတိမြေကို အရမ်းချစ်တတ်ပြီး သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတာမလို့ လူချစ်လူခင် ပေါများသူပါ။ Jo Sam Dal (Shin Hae Sun) ကတော့ ဆိုးလ်မြို့မှာ ဓာတ်ပုံဆရာရဲ့ လက်ထောက်အဖြစ် ၈ နှစ်လုံးလုံးကြိုးစားခဲ့ပြီးတော့ အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် အရာအားလုံးဆုံးရှုံးလိုက်ရပြီး ဇာတိမြေကို ပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ Jo Yong Pil နဲ့ Jo Sam Dal က ငယ်ငယ်ကတည်းက သွားအတူ၊ စားအတူ သူငယ်ချင်းကနေ ချစ်သူတွေဖြစ်ခဲ့ကြပြီးမှ လမ်းခွဲခဲ့ကြတာပါ ။ Sam Dal လေး ပြန်လာတော့ နှစ်တွေအကြာကြီးနေမှ ပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက်.. ဘယ်လိုတွေ ဂယက်ထရင်း သူတို့အချစ်ရေးက ဘယ်လို love again ပြန်ဖြစ်ကြမလဲ.. When the Camellia Blooms ရဲ့ ဒါရိုက်တာ ရိုက်ကူးထားတာမလို့ ကျွန်းရဲ့  Cinematography အလှကို တဝကြီး ခံစားရမှာဖြစ်ပြီး Hometown Cha Cha Cha လို vibe မျိုးနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမဲ့ Romance Comedy healing drama လေးဆိုတော့ အမောပြေစေဦးမှာပါ။ (အညွှန်းကိုတော့ AHtet မှ ရေးသားထားပေးပါတယ်။) Aired:  Dec 2, 2023 - Jan 21, 2024 Aired On: Friday, Saturday Genres: Comedy, Romance, Life, Drama Duration: 70 mins Episodes: 16 Original Network: jTBC Translated by Khine Khine Wai, Ahtet, Htoo Htoo Aung, Lai Laii, Hnin Wai Oo, Treasure Htet, & Zuri Htoo Encoded by Tiff

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း