ဇာတ်ကားများ ရွေးရန်

Tale of Arang

2012ဇာတ်လမ်းတွဲအမှတ် 5.9/10

Tale of Arang (2012) အပိုင်း (1 မှ 20) စ/ဆုံး ဒီတစ်ခါမှာတော့ Lee Joon Ki နဲ့ Shin Min Ah တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သဘာဝလွန် ရာဇဝင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့... အီအွန်းအိုဆိုတဲ့ သူဟာ ကိုယ့်အတွက်ပဲ ကိုယ်သိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သခင်လေးတစ်ယောက်ဖြစ်ပေမဲ့ သူ့မှာ သရဲတွေကို မြင်နိုင်တဲ့ အစွမ်းရှိတာကြောင့် သရဲတွေဆီက အမြဲ အကူအညီတောင်းခံနေရတဲ့သူပေါ့။ တစ်ရက်ကျ အမေဖြစ်သူကို ရှာရာလမ်းမှာ အာရန်ဆိုတဲ့ အတိတ်ဘ၀မှတ်ဉာဏ် ပျောက်ဆုံးနေ‌လို့ ဘဝမကူးနိုင်သေးဘဲ လေလွင့်နေတဲ့ သရဲမလေးနဲ့ ဆုံခဲ့ရပြီး အာရန်က အွန်းအို သူ့ကိုမြင်မှန်းသိတဲ့အခါ သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်နဲ့ သူ့အတိတ်ရဲ့ မှတ်ဉာဏ်တွေကို ကူရှာပေးဖို့ အကူအညီတောင်းလာပါတော့တယ်။ အွန်းအိုကလည်း သူအမေ့ကိုရှာဖို့ သူလက်ရှိရောက်နေတဲ့ ထူးဆန်းတဲ့ မီယန်းပြည်နယ်ရဲ့ တရားသူကြီးဖြစ်အောင်လုပ်ပေးရင် ကူညီမယ်ဆိုပြီး အပေးအယူလုပ်လာတဲ့အခါ.... အာရန်တစ်ယောက် အွန်းအို တရားသူကြီးဖြစ်အောင် ဘယ်လိုလုပ်မှာလဲ... အွန်းအိုကရော အာရန်ကို ကူညီပေးမှာလား... ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ပဲ ပျောက်ဆုံးနေတဲ့ အမေ့ကိုပဲ ဆက်ရှာမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပါတယ်) Genres: Historical, Comedy, Romance, Supernatural Episodes: 20 Aired: Aug 15, 2012 - Oct 18, 2012 Aired On: Wednesday, Thursday Original Network: MBC Duration: 1 hr. 5 min. Translated by Miri, Yati Naing, Lai Laii, Hnin Wai Oo, Lia Fay & Hsu Lei Yadanar Encoded by Tiff

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း