ဇာတ်ကားများ ရွေးရန်

The Lincoln Lawyer

2022ဇာတ်လမ်းတွဲအမှတ် 7.7/10

The Lincoln Lawyer ( Season _ 1 + 2 ) သင်ဟာ အမှုအခင်း​တွေ၊တရား​စီရင်​ရေး​တွေကို စိတ်ဝင်စားလား၊ ပ​ဟေဠိဆန်တဲ့ လူသတ်မှု​တွေကို သ​ဘောကျလား၊ ​လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့ ​ရှေ့​နေဇာတ်​ကောင်​တွေကို အားကျတဲ့သူလား၊ ကားအ​ကောင်းစား တစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gent​တွေလိုဖြစ်ချင်သလား၊ ဒါ​တွေအားလုံး Neflix က ဒီ​နေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံ မြင်​တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန် သိကြမှာပါ။ မစ်ကီ​ဟော်လာဆိုတာ တချိန်က တရား​​ရေးရာမှာ အင်မတန်​နာမည်ရခဲ့တဲ့ ​ရှေ့​နေ တစ်​ယောက်​ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ ​လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို ​ခြေချင်းလိမ်​အောင် အမှုလိုက်​ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့ ​ကျော်ကြားခဲ့သူ​ပေါ့၊ ဒါ​ပေမဲ့ အိမ်​ထောင်​​ရေးပြဿနာ​​တွေ၊ accident တစ်ခုက ဒဏ်​ကြောင့် ​အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်ရင်း ​ဆေးစွဲသွားတဲ့ ပြဿနာ စသဖြင့် ပြဿနာ​ပေါင်းစုံနဲ့အတူ နာမည်ကျသွားသူ​ပေါ့။ ဒီလိုနဲ့တစ်​နေ့မှာ သား​ရွှေအိုးထမ်းတယ်ပဲ ​ခေါ်ရမလား၊ ဒုက္ခရဲ့​ရောင်းရင်းများလို့ပဲ ဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်​ခေါ်ခဲ့ပါတယ်၊ အ​ကြောင်းက မစ်ကီရဲ့ လုပ်​ဖော်ကိုင်​ဖက်ဖြစ်သူ၊ ကားပါကင်ထဲ ​သေနတ်နဲ့ လုပ်ကြံခံလိုက်ရသူ ​ရှေ့​နေ ဂျယ်ရီဗင်းဆင့်ဟာ သူမ​သေခင် ၁၀ရက်အလိုကတည်းက "သူ​သေခဲ့​သော် သူ့ရဲ့လက်ရှိအမှုအားလုံး မစ်ကီကိုလွှဲအပ်ပါတယ်"ဆိုပြီး တရားရုံးမှာ ကြိုတင်ပြီး ​လျှောက်ထားခဲ့လို့ပါ။ ဒီလိုနဲ့ပဲ အမှုလက်မဲ့ဖြစ်​နေတဲ့ မစ်ကီတစ်​ယောက် သွား​လေသူ လုပ်​ဖော်ကိုင်ဖက်ရဲ့ ခိုးမှုအစ၊လူသတ်မှု​အဆုံး အမှုပေါင်းစုံကို လင်ကွန်းကားတစ်စီးနဲ့ ​ရှေ့​နေလိုက်ရပါ ​​တော့တယ်၊ ဒါ​ပေမဲ့ ဂျယ်ရီဗင်းဆင့်ကိုသတ်ခဲ့တဲ့ လူသတ်သမားက သူ့အမှု​တွေကို လက်လွှဲယူခဲ့တဲ့ မစ်ကီကိုပါ လုပ်ကြံဖို့ကြိုးစားလာတဲ့အခါ.... အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Richard Wai, Roman NoX, NanThin, Leonard Lin တို့ပဲ ဖြစ်ပါတယ်။ The Lincoln Lawyer - Season 4 (2026) Season 3 မှာတုန်းက မမျှော်လင့်ထားတဲ့ ဇာတ်သိမ်းကြီးနဲ့ အဆုံးသတ်သွားခဲ့တဲ့အတွက် Season 4 ကို ပရိသတ်တွေ သေချာပေါက် မျှော်နေကြမှာပါ။ မစ်ကီတစ်ယောက် သာသာယာယာ သူ့လင်ကွန်းကားလေးနဲ့ အပြင်သွားနေတုန်း ရဲတစ်ယောက်က တားဆီးပြီးစစ်ဆေးတဲ့အခါမှာ ကားနောက်ဖုံးထဲကနေ သူ့အမှုသည်ဖြစ်ခဲ့ဖူးတဲ့ ဆမ်ရဲ့အလောင်းထွက်လာတာကြောင့် မစ်ကီ့ကို လူသတ်မှုသံသယရှိသူ တရားခံအနေနဲ့ ဖမ်းခံလိုက်ရပါတယ်။ ဒီတော့ ဇာတ်လမ်းတလျှောက် အမှုသည်တွေကိုပဲ ခုခံကာကွယ်ပြောဆိုချေပခဲ့ရတဲ့ မစ်ကီတစ်ယောက် ဒီ Season မှာတော့ ထောင်ထဲကနေ သူ့ကိုယ်သူ လူသတ်မှုစွဲချက်ကနေ လွတ်မြောက်အောင် အဖွဲ့သားတွေရဲ့အကူအညီနဲ့အတူ ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာကို ရိုးရာမပြတ် တရားဥပဒေဆိုင်ရာလုပ်ကွက်တွေ မစ်ကီရဲ့သူ့အပေါ်လာကျောရင် ဘယ်လိုပြန်ပညာပေးတတ်တယ်ဆိုတာတွေကို ထုံးစံအတိုင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်....။ Genre.....Crime, Drama Quality….WEB-DL 1080p File size…700MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Richard Wai, Roman NoX, NanThin, Leonard Lin Encoder ..... August

အပိုင်းများ

40 အပိုင်း၊ season 4 season

ဇာတ်လမ်းအကြောင်း