ဇာတ်ကားများ ရွေးရန်

Dhootha

2023ဇာတ်လမ်းတွဲအမှတ် 7.2/10

Dhootha 2023 IMDb 7.8/10 Horror "Dhootha " ဆိုတာ အစိုးရနဲ့ပြည်သူကြားကို အမှန်တရားတွေပို့ဆောင်ဆက်သွယ်ပေးသူ "Messenger" ဆိုပြီး ဂျာနယ်လစ်တွေကိုရည်ညွှန်းထားတဲ့ ဝေါဟာရတစ်ခုပါ ဂျာနယ်လစ်တစ်ယောက်အတွက်တော့ ဖောင်တိန်တစ်ချောင်းက အင်အားအကြီးဆုံးလက်နက်ပါပဲ ... ဇာတ်လမ်းအစကတော့ ဆာဂါဗာရ်မာအဗူဒူရီကို အယ်ဒီတာချုပ်ရာထူးပေးအပ်ပွဲကစတယ်လို့ဆိုရမှာပေါ့ သူဒီရာထူးကိုရခဲ့တာတော့နည်းနည်းလေးကလိမ်ကျတယ်ဗျ ဒီရာထူးအတွက်လူကြီးတွေမှန်းထားတဲ့ ချားစ်ဆိုတဲ့လူက ရူးနေတာပါလို့လူကြီးတွေကိုပြောလိုက်လို့ ချားစ်အစား သူရလာခဲ့တဲ့ရာထူးတစ်ခု ဒီရာထူးနဲ့အတူ သူ့ဆီကိုရောက်လာမဲ့ ကံကြမ္မာဆိုးကိုတော့ သူကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ဘူးပေါ့ ရာထူးအပ်နှင်းပွဲပြီးလို့ အိမ်အပြန်လမ်းမှာဆီပြတ်လို့ စားသောက်ဆိုင်လေးထဲဝင်ထိုင်ရင်း ဆီစွန်းနေတဲ့သတင်းစာစာရွက်ပိုင်းလေးကို ယူဖတ်ကြည့်လိုက်တော့" 9-11-2022 ည 10:45:33 အချိန် နာမည်ကျော်အယ်ဒီတာချုပ် ဆာဂါရ်ဗာရ်မာအဗူဒူရီတို့ ကားအက်ဆီးဒင့်ဖြစ်ရာမှ ခွေးသေဆုံး "ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်ရတယ် လက်ရှိအချိန်ကလည်း သတင်းစာပိုင်းထဲကအချိန်နဲ့ကွက်တိကျနေလို့ တွေဝေနေတုန်း ရပ်ထားခဲ့တဲ့ကားက တကယ်ကားတိုက်မှုထဖြစ်ပြီး ဒီကံကြမ္မာဆိုးကို လက်ဆင့်ကမ်းယူလိုက်မိသွားရာက... နောက်ထပ် ဘယ်လိုသတင်းစာပိုင်းတွေထပ်ရဦးမလဲ ဒီ‌ကျော့ကွင်းထဲက သူဘယ်လိုလွတ်အောင်ရုန်းနိုင်မလဲ အနာဂတ်ကိုကြိုသိရပေမဲ့ ရေးဆွဲပြီးသားကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့.... (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုပေးထားပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File Size – 700MB(Appx;)@Episode Quality – AMZ WEB DL 1080p  Duration – 45 minute (@Episode) Total Episodes: 8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Mystery, Crime, Drama Translator – CM Bollywood Team Encoder – YK

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း