Dr. Death
Dr. Death Season 2 ထပ်လာပါပြီ။ ဆေးလောကရဲ့ ကြောက်စရာ အဖြစ်အပျက်တွေကို ရိုက်ပြတဲ့ ဒီစီးရီးဟာ တစ်စိမ့်စိမ့်နဲ့ ကျောချမ်းချင်စရာတွေကို အသားပေးထားပါတယ်။ Season 2 မှာ ရင်ခေါင်းခွဲစိတ်ဆရာဝန် ပါအိုလို မာခီယာရီနီအကြောင်းကို ရိုက်ကူးပြထားပါတယ်။ ဆရာဝန်အလုပ်ဆိုတာ ရောဂါဖြစ်နေတဲ့ လူနာတွေရဲ့ အားကိုးမှု၊ ယုံကြည်မှုတွေကို အလေးထားပြီး လုပ်ဆောင်နေရတဲ့ ပရော်ဖက်ရှင်နယ်တစ်ခုဖြစ်ပါတယ်။ ဒီလူကတော့ ဒီလူနာတွေရဲ့ အားကိုးမှု၊ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ပြီး လူနာတွေကို သက်သက်မဲ့ သတ်ဖြတ်ခဲ့ပါတယ်။ လူနာတွေ ဘာဖြစ်ဖြစ် သူကတော့ ဂရုမစိုက်ဘဲ ခပ်တည်တည်နဲ့ တစ်ကမ္ဘာလုံးပါ လှည့်စားနိုင်တဲ့သူပါ။ လူနာတွေအပေါ်တင် မကဘဲ သူ့ရဲ့ ပုဂ္ဂိလအရေးကိစ္စတွေမှာပါ လိမ်တာ၊ ညာတာဟာ ထမင်းစားရေသောက်လို လုပ်နေတဲ့သူ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်အားကိုးရတဲ့ ဆရာဝန်က ကိုယ်နားမလည်တဲ့ ပညာရပ်အပိုင်းတွေမှာ ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ကိုယ့်အသက်ကို ထိခိုက်အောင် လုပ်မယ်ဆိုတဲ့ စိတ်က တကယ့်ကို ကျောချမ်းစရာ ကောင်းပါတယ်။ ဒါမျိုးက ဇာတ်ကားထဲပဲ ရှိမယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ပါအိုလို မာခီယာရီနီဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိသူ့အကြောင်းတွေကို Google မှာလည်း အကုန်ရှာဖတ်ကြည့်လို့ရပါတယ်။
အပိုင်းများ
16 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း