ဇာတ်ကားများ ရွေးရန်

Tell Me That You Love Me

2023ဇာတ်လမ်းတွဲအမှတ် 7.9/10

Tell Me That You Love Me (2023) ဒီဒရာမာလေးကတော့ 1995ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Aishiteiru to Ittel Kureဆိုတဲ့ ဂျပန်ဇာတ်လမ်းကို Remakeပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Main Cast တွေအနေနဲ့ကတော့ နာမည်ကြီးသရုပ်‌ဆောင်တွေ ဖြစ်တဲ့ Jung Woo Sung နဲ့ Shin Hyun Bin တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ငယ်ရွယ်စဉ်မှာ အမည်မသိအဖျားရောဂါ ခံစားခဲ့ရပြီး အကြားအာရုံဆုံးရှုံးသွားခဲ့တဲ့ ချာဂျင်ဝူက ပန်းချီဆွဲတဲ့ အသက်(၃၀)အရွယ် ပန်းချီဆရာတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ကမ်းခြေမှာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးဂျောင်မိုအွန်းနဲ့တွေ့ပြီး ချစ်ကြိုက်သွားခဲ့ပါတော့တယ်။ဂျောင်မိုအွန်းကတော့ သရုပ်ဆောင်ဖြစ်ချင်တဲ့အိမ်မက်အတွက် လေယာဉ်မယ်အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက မသန်စွမ်းဆိုတဲ့ လက်တွေ့ဘဝမှာ အခက်အခဲတွေကိုကျော်ဖြတ်ဖို့ ဘယ်လိုတွေကြိုးစားလဲဆိုတာ ဒီဒရာမာထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ လက်သင်္ကေတနဲ့စကားပြောပြီး အကြားအာရုံချို့တဲ့နေတဲ့ပန်းချီဆရာ ဂျင်ဝူနဲ့ နှလုံးသားနဲ့ နားထောင်ပေးတဲ့သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေတဲ့ မိုအွန်းတို့ရဲ့အသံမရှိတဲ့အချစ်ကို ပုံဖော်ပေးထားတဲ့ Classic Melodrama လေးကိုတော့ အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တိုင်းမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ MT Naingပဲဖြစ်ပါတယ်.... Episodes: 16 Aired:Nov 27, 2023- Jan 16, 2024 Aired On: Saturday, Sunday Original Network: SBS Duration: 1 hr. 10 min. Genres: Romance, Life, Drama, Melodrama Subtitle__Myanmar Subtitle (Hardsub) Translated by  Thinn, Ki Nni, Hsu Pyae, Htoo Htoo Aung & Toe Toe Aung Encoded by  Phyo Pyae

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း