ဇာတ်ကားများ ရွေးရန်

Masters of the Air

2024ဇာတ်လမ်းတွဲအမှတ် 7.5/104K

Masters of the Air (2024) [သွေးချောင်းစီးတဲ့-၁၁၀] Ongoing ~ IMDb - 8.8/10, Rotten Tomatoes - 85% ~ ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၁၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၁၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်တဲ့ John Orloff က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Elvis ရုပ်ရှင်ရဲ့မင်းသား Austin Butler ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒုတိယကမ္ဘာစစ် ဥရောပ စစ်မြေပြင်မှာ အမေရိကန် အမှတ်-၈ လေတပ်ပါဝင်တိုက်ခိုက်ခဲ့ပြီးအင်အား ၂ သိန်းအထိ ပါဝင်တာကြောင့် မိုက်တီး-၈ ဆိုပြီး နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့အောင်မြင်မှုတွေအရမ်းများခဲ့သလို အကျအဆုံးကလည်း ဒုတိယကမ္ဘာစစ် အမေရိကန်တစ်နိုင်ငံလုံးရဲ့ လေတပ်ကျဆုံးဒဏ်ရာရသူ ၁၁၅၃၃၂ ယောက်ထဲမှာ အမှတ်-၈ တစ်ခုတည်းကနေ ၂၆၀၀၀ ကျော် ကျဆုံးပြီး ၂၀၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ သူရသတ္တိဆိုင်ရာ ဆုတံဆိပ်ပေါင်း ၄ သိန်းကျော်ရခဲ့သလို၊ ဗုံးပေါင်း တန် ၇ သိန်းလောက်ကျဲခဲ့ပြီး၊ လေယာဉ် ၅၀၀၀ ကျော် ပျက်စီးခဲ့တာပါ။ ဒုတိယကမ္ဘာစစ် စစ်ရှိန်အမြင့်ဆုံးကာလရဲ့ တိုက်ပွဲတွေကို အခြေခံရိုက်ကူးထားတာမို့ စစ်ကားကြိုက်သူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုဖြစ်မှာပါပဲ။ ကြည့်လိုက်ကြပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်) Size ~ 2GB+, 800MB+, 400MB+ Total - 9 Episodes Quality – 4K HEVC, 1080p, 720p Duration ~ 55min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Drama, Thriller Source : ATVP.Web-dl.1080p Translator – Mr. Anderson Encoder – Y

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း