ဇာတ်ကားများ ရွေးရန်

Kairos

2020ဇာတ်လမ်းတွဲအမှတ် 7.4/10

Seo Jin ဆိုတဲ့သူဟာ  ဆောက်လုပ်ရေးကုမ္ပဏီကဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ် ...ဇနီးချောလေးလည်းရှိသလို  ချစ်စရာကောင်းတဲ့သမီးလေးလည်းပိုင်ဆိုင်ထားတယ်...သိပ်ပျော်ရွှင်ကြည်နူးစရာမိသားစုလေးပေါ့... တစ်နေ့သူတို့မိသားစုထံကံကြမ္မာဆိုးရောက်လာတယ်..ဒီတစ်ဉီးထဲသောသမီးလေးကို ပြန်ပေးဆွဲသွားကြတယ်...မိဘ(၂)ဉီးဟာရဲကိုတိုင်ပြီး ရေကုန်ရေခန်းရှာဖွေကြတယ်.... ပြန်ပေးဆွဲတဲ့သူတွေဟာမည်သူမည်ဝါမှန်းမသိပေမဲ့ သမီးလေးရဲ့ လက်ညှိုးလေးတစ်ချောင်းကိုဖြတ်ပြီး အိမ်ကိုပို့လိုက်တယ်...သမီးလေးသေဖို့ ဖြစ်နိုင်ချေအများဆုံးမို့ ဇနီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတယ်... ဒီလက်ညှိုးဟာ သမီးလေးလက်ညှိုးစစ်မှန်ပေမဲ့ ထူးဆန်းစွာပဲ တစ်ယောက်ထဲ ဘာအထိအခိုက်မရှိဘဲ ပြုံးရွှင်လျှောက်သွားနေတာကို အမျိုးသမီးလေးတစ်ယောက်ကတွေ့မိတယ်....ဆန်းကြယ်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖခင်ဖြစ်သူဆီကို အမည်မသိနောက်ဖုန်းတစ်လုံးကလည်း ထူးဆန်းစွာပဲခေါ်ဆိုလာတယ်...ဒီစီးရီးက ချစ်ကြိုက်မုန်းဟန်တော့မဟုတ်ဘူး....အက်ရှင် မှုခင်းဘက်ကို ဉီးစားပေးထားပုံပဲ...ပြီးတော့ ကွယ်ဝှက်ထားတာတွေများသလို စစချင်းပဲ အဓိကမင်းသားဖြစ်သူရဲ့ ဆောက်တည်ရာမဲ့နေတဲ့ပုံနဲ့ ဇာတ်လမ်းကို အရှိန်တင်ထားတယ်...ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး.. မင်းသားနဲ့မင်းသမီးကိုတော့ အတော်များများရင်းနှီးကြမှာပါ... စိတ်ဝင်စားဖို့အတော်ကောင်းနိုင်မဲ့စီးရီးမို့ ဆက်စောင့်ကြည့်ကြတာပေါ့.... Quality – HDTV  720p Duration – 60Min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genres-  Action ,Crime, Drama Translated by ,Shoon Thu Thu Chain, Hnin Pale,Chu Chu & Myat Chel Encoder – Phyo Pyae

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း