ဇာတ်ကားများ ရွေးရန်

Jab Mila Tu

2024ဇာတ်လမ်းတွဲ

Jab Mila Tu (2024) "ဘာရယ်ကြောင့်များ..." CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမယ့် အိန္ဒိယစီးရီးလေးကတော့ youtubeတို့ spotifyတို့မှာကိုသီချင်းတွေ နာမည်ကြီးနေတဲ့ Musical Rom-Comလေးပဲ ဖြစ်ပါတယ်။ ဒီထဲက သီချင်းတွေကို အဓိကရေးသားပေးထားတာကတော့ နာမည်ကျော် တေးရေး၊တေးဆို Vishal Dadaniပဲ ဖြစ်ပါတယ်။ သီချင်းမြူးမြူးလေးတွေနဲ့တင် နားထောင်ကောင်းရုံမကပဲ မင်းသားနဲ့မင်းသမီးလေးကလည်း ရွှေရင်အေးစရာဆွဲဆောင်မှုရှိတဲ့အပြင်ဇာတ်လမ်းဇာတ်ကွက်ကပါ စီးရီးပီပီအချိတ်အဆက် အလှည့်အပြောင်းကောင်းတော့ အရသာကောင်းတဲ့ 3 in 1 တစ်ခွက်လို့ပဲ ညွှန်းဆိုပေးလိုက်ရင် မမှားပါဘူးဗျာ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စူပါစတားအဆိုတော်မာဒီဟာ ဂျစ်ကန်ကန်နဲ့ ထင်ရာမြင်ရာလုပ်တတ်တဲ့သူတစ်ယောက်ပါ။ သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ နေထိုင်လုပ်ကိုင်တတ်ပြီး ဘဝကြီးကို လွတ်လပ်စွာနေထိုင်သူတစ်ယောက်ပါ။ ဂျိုးဆိုတဲ့ကောင်မလေးကတော့ အဖေ့ဆီကအမွေရထားတဲ့ ကော်ဖီဆိုင်လေးကို အောင်မြင်အောင်ရုန်းကန်နေရတဲ့ ဂိုအာမြို့သူ လုင်ငန်းရှင်ပေါက်စလေးပေါ့။ သိပ်လှတဲ့ ဂိုအာမြို့လေးမှာ မာဒီနဲ့ဂျိုးနဲ့ဆုံတွေ့မှုကတော့ Rom-Comတွေရဲ့ထုံးစံအတိုင်း ဂျိုးရဲ့ဖုန်းက မာဒီရဲ့ကားပေါ်မှာကျန်ခဲ့တာက စပါတယ် အဲဒီကနေစလွဲလာတဲ့ Tom and Jerryအတွဲရဲ့ ဂိုအာကမ်းခြေအချစ်ဇာတ်လမ်းလေးကို ရင်ခုန်ခံစားနိုင်စေဖို့ CM Bollywood Team ကနေ နှလုံးရွှင်ရွှေရင်အေး စီးရီးလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File Size – 800MB (Appx;)@Episode Quality – 1080p WEB DL Duration – 30 minute (@Episode) Total Episodes:16Eps Subtitle – Myanmar Hard Sub Format – Mp4 Genre : Drama Translator – CM Bollywood Team Encoder –  YK

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း