ဇာတ်ကားများ ရွေးရန်

Luz: The Light of the Heart

2024ဇာတ်လမ်းတွဲအမှတ် 6.5/10

စိတ်တွေညစ်ညူးနေချိန်မှာ ဆေးကောင်းတစ်ခွက်ဖြစ်စေမယ့် healing series လေးတစ်ခု CM ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ plotဆန်းသစ်တဲ့ အက်ရှင်တို့ Sci-fiတို့ မဟုတ်ပေမဲ့ family dramaကားလေးကိုမှ comedyနဲ့ adventureလေးတွေ စွက်ထားတာဖြစ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရယ်မောစရာအလွဲလေးတွေနဲ့အတူ တွေးစရာ ငေးစရာလေးတွေ ပါဦးမှာပါ။ ဒီစီးရီးကတော့ တိုအင်ခေါ်လုဇ်ဆိုတဲ့ ကလေးမလေးတစ်ယောက်ရဲ့ စွန့်စားခန်းလို့ပဲ ပြောရမှာပါပဲ။ လုဇ်ရဲ့အကြောင်း တစေ့တစောင်းပြောရမယ်ဆိုရင် သူက အူဝဲလို့စငိုမယ့် ဗိုက်ထဲကထွက်လာကတည်းက ကံဆိုးသူရယ်ပါ။ အဖေကလည်း ဗိုက်ကြီးသည်အမေဆီကိုလာတဲ့လမ်းမှာ အက်ဆီးဒင့်နဲ့ ဆုံးသွားတယ် အမေကလည်း သူ့ကိုမွေးရင်းနဲ့ဆုံးသွားပြန်တဲ့အပြင် အဖေနဲ့အမေကို သဘောမတူခဲ့တဲ့ ဘိုးအေဖြစ်သူကပါ သားတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ ပူဆွေးမှုကို ခုမှမွေးလာတဲ့လုဇ်လေးအပေါ်ပုံချလို့ တောထဲစွန့်ပစ်စေပါသတဲ့ ဒါပေမဲ့ အဘိုးဖြစ်သူရဲ့တပည့်ဖြစ်တဲ့ ဘော်တာဇာကတော့ လုဇ်လေးကိုသနားသွားတဲ့အတွက် ခိုင်းဂန်လူမျိုးစုထဲက ဂါဆိုတဲ့အဘွားကြီးဆီကိုပို့ပြီး ရဲရဲရင့်ရင့်နဲ့ ကြီးပြင်းလာစေတာပေါ့ ရဲရင့်ပြီး စွန့်စားမှုကိုမြတ်နိုးတဲ့လုဇ်တစ်ယောက် သူ့ရဲ့အဘိုးနဲ့ပတ်သက်လို့ တစ်စွန်းတစ်စကြားသိသွားချိန်မှာတော့ ခိုင်းဂန်ဒေသကနေထွက် မြို့ကိုတက်ပြီး သူ့လိုပဲစပ်စပ်စုစု ပါလေရာ ငပိချက်ကလေးတစ်သိုက်နဲ့စွန့်စားခန်းဘယ်လိုဝင်မလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ File Size –  1.07 GB / 474 MB Quality –WEB-DL 1080p , 720p Duration – 30 Min  (@Episode) Total Episodes: 20 Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Action & Adventure , Kids , Drama Translator – Aoi & TD Encoder – Min Wai

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း