ဇာတ်ကားများ ရွေးရန်

The Impossible Heir

2024ဇာတ်လမ်းတွဲ

The Impossible Heir(2024) အပိုင်းသစ် (၁ မှ ၁၂) ထိ စ/ဆုံး Alchemy of Souls ထဲက မင်းသား Lee Jae-Wook နဲ့ Brave Citizen ထဲက မင်းသား Lee Jun-Young တို့ နှစ်ယောက်ကို တစ်ကားထဲမှာတင် အတူတူတွေ့မြင်ရမယ့် The impossible heir စီးရီးဟာ နောက်ဆုံးတော့ ထွက်ရှိလာခဲ့ပါပြီ။ ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အမေကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ ပျက်ရယ်ပြုခြင်းနဲ့ ဖယ်ကျဉ်ခြင်း‌ေတွကို ခံခဲ့ရတဲ့ Han Tae-O(Lee Jae-Wook)။ Kango လုပ်ငန်းစုကြီးရဲ့ သူဌေးမိသားစုကြီးကနေ မွေးဖွားလာခဲ့ရပေမဲ့လည်း တရားမဝင်သားဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့မိသားစုဝင်‌ေတွဆီက‌ေနတောင် လျစ်လျူရှူခြင်းနဲ့ အထင်သေးခြင်းတွေကို ခံခဲ့ရတဲ့ Kang In-Ha(Lee Jun-Young)။ အထက်တန်းကျောင်းမှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့... ဘဝရဲ့ အောင်မြင်မှုတွေကို လိုချင်တဲ့ Han Tae-O နဲ့ Kango လုပ်ငန်းစုကြီးရဲ့ ဆက်ခံသူရာထူးကို ရယူချင်တဲ့ Kang In-Ha ။ နှစ်ယောက်လုံးရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် Han Tae-O ဟာ Kang In-Ha ကို ကူညီဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့ အလားတူ တစ်ဖက်မှာလည်း ငယ်ရွယ်ပြီး ထက်မြတ်ပေမဲ့ အမေဖြစ်သူရဲ့ အကြွေးတွေကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ Na Hye-won(Hong Su-Zu)ဟာ အတူတူပူးပေါင်းပြီး‌ေတာ့ သုံးယောက်သားအတူတူ... သူတို့ဘဝရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုအကောင်အထည်ဖော်ပြီး ပန်းတိုင်တွေဆီကို အရောက်သွားကြမလဲဆိုတာကိုတော့ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Episodes: 12 Aired:  Feb 28, 2024  Aired On: Wednesday Original Network: Disney Duration: 1 hr. 10 min. Genres: Thriller, Business, Drama, Political Subtitle__Myanmar Subtitle (Hardsub) Translated by Yati Naing, Shwe Pyae, Hnin Wai Oo, Hsu Pyae, Emily & Toe Toe Aung Encoded by  Phyo Pyae

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း