ဇာတ်ကားများ ရွေးရန်

Angels Fall Sometimes

2024ဇာတ်လမ်းတွဲ

Lin Yi ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် March လကတော့ တကယ်ကို ပျော်စရာအကောင်းဆုံးလဖြစ်နေတော့မှာပါပဲ ။ Every one loves me ကိုပြနေတုန်းမှာပဲ လင်ယိကောကောရဲ့ Angels fall sometime ဆိုတဲ့နောက်ထပ်ဇာတ်ကားအသစ်လေး ထွက်ရှိလို့လာပြန်ပါပြီ ။ ဒီကားလေးထဲမှာ လင်ယိက Lin Tuo ဆိုတဲ့ကောင်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ် နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်း တကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်း ဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin Tuo က ‌ ရောဂါကသူ့ဘဝကို ဘယ်လောက်ပဲ အညွန့်တုံးသွားပါစေ သူကတော့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။ ဒီလိုရောဂါဖြစ်နေတဲ့ Lin Tuo တစ်ယောက် ကံကြမ္မာကိုအလျော့မပေးဘဲ ဘယ်လိုရှေ့ဆက်သွားမလဲ ? ချစ်သူလေးကရော သူ့ကိုဘယ်လိုအဖော်ပြုပေးမလဲ ဒါမှမဟုတ် နှစ်ယောက်ကြားက တည်ဆောက်ထားတဲ့အချစ်တွေကရော တည်မြဲနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင့် ။ စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း