ဇာတ်ကားများ ရွေးရန်

Diary of a Prosecutor

2019ဇာတ်လမ်းတွဲအမှတ် 6.4/10

Diary of a Prosecutor(2019) အပိုင်း ၁ မှ ၁၆ အထိ စ/ဆုံး IMBD Rating 8.0/10 ရထားတဲ့ ဒီကားလေးရဲ့ Cast တွေအနေနဲ့ကတော့ ကြွေလွင့်သွားပြီဖြစ်တဲ့ မင်းသားကြီး Lee Sun Kyun၊ ရှေ့နေကား အမှုစစ်ကားတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ မင်းသမီး Jung Ryeo Won ၊ ကိုရီးယားရုပ်ရှင်လောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ မင်းသားကြီး Lee Sung Jae၊ The Good Bad Mother ,My Dearest စတဲ့ဇာတ်လမ်းတွဲထဲက မင်းသမီး Ahn Eun Jin တို့ကအဓိကပါဝင်ထားပါတယ်။ အီဆွန်းဝွန်း( Lee Sun Kyun) ကတော့ ဂျင်ယောင်းခရိုင်အမှုစစ်ရုံးမှာ တာဝန်ကျတဲ့အမှုစစ် တစ်ယောက်ပါ။ အပြင်ပန်းမှာတော့ သူ့ကို နှေးကွေးပြီးတော့ ရည်မှန်းချက်မရှိတဲ့သူလို့ မြင်ရပေမဲ့ သူ့အတွင်းစိတ်ကတော့ အပြင်ပန်းပုံစံနဲ့ကွဲပြားပါတယ်။ ချာမြောင်းဂျူ( Jung Eyeo Won) ကတော့ ဆိုးလ်ဗဟိုခရိုင်အမှူစစ်ရုံးက ထက်မြတ်တဲ့ အမှုစစ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ ရုတ်တရက် ဂျင်ယောင်းခရိုင်အမှုစစ်ရုံးကို ပြောင်းရွှေ့ခံလိုက်ရတဲ့အတွက် ရည်မှန်းချက်ကြီးမားတဲ့ သူမကတော့ ဗဟိုခရိုင်အမှုစစ်ရုံးကို ပြန်တက်ဖို့ ကြိုးစားပါတော့တယ်။ ရည်မှန်းချက်ကြီးပြီး မာနကြီးတဲ့ ချာမြောင်းဂျူနဲ့ နှေးကွေးပြီးတော့ ရည်မှန်းချက်မရှိတဲ့ အီဆွန်းဝွန်းတို့တွေ့ကြတဲ့အခါ အကျင့်စရိုက်ကွာခြားတဲ့ နှစ်ယောက်က အမှုစစ်ရုံးမှာ နေ့တိုင်းပွဲဆူအောင်လုပ်တဲ့ ရန်သူနှစ်ယောက်ဖြစ်လာကြတဲ့အခါမှာတော့.... ရသအစုံပေးစွမ်းနိုင်တဲ့ ဒီဇာတ်ကားမှာတော့ ပုံမှန်အမှုစစ်ကားတွေလိုမဟုတ်ဘဲ ကျူးလွန်သူ,နစ်နာသူတွေနဲ့ အမှုစစ်တွေရဲ့ကြားက ဆက်နွယ်မှုတွေနဲ့ သူတို့ရဲ့ခံစားချက်, ဘဝဇာတ်ကြောင်းတွေကိုပါ ကြည့်ရှုရမယ့်အပြင် လခစားအစိုးရဝန်ထမ်းဖြစ်တဲ့ အမှုစစ်တွေရဲ့ လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပြီး ဘဝကို ဘယ်လိုနေထိုင်သွားကြသလဲဆိုတာကို ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကား ဖြစ်တာမလို့ အတူကြည့်ရှုခံစားလိုက်ရအောင်ပါ ..... Aired: Dec 16, 2019- Feb 11, 2020 Aired On: Monday, Tuesday Genres: Mystery, Law, Life, Drama Duration : 1 hr. 5 min. Episodes: 16 Translated by  Phyu Sin, Treasure Htet, Thet Hnin Hsu, Khine Khine Wai, Yaiti Naing  &  Su Sandi Encoded by  Phyo Pyae

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း