ဇာတ်ကားများ ရွေးရန်

Sweetheart Delighted

2016ဇာတ်လမ်းတွဲ

Sweetheart Delighted (2016) ဇာတ်လမ်းတွဲအညွှန်း အပိုင်း(၁ မှ ၁၅) ထိ စ/ဆုံး ခွန်တွန့် အဖြစ် Porshe Sara ချင့်ချီဝါအဖြစ် Camila Kittivat ခွန်တော်အဖြစ် Big Nathas ခွန်ကေအဖြစ် Gookgik Kochakorn ရုပ်ရည်ချောမောပြီးဉာဏ်ရည်ထက်မြက်လှတဲ့ကောင်မလေးတစ်ယောက်ဖြစ်တဲ့ ချင့်ချီဝါလေးရဲ့ အဖေ(မောမ်လူနိဝတ်ချဝမ်)နဲ့အမေ(ချော ချီဝမ်)ဟာ ရည်းစားဘဝကတည်းက တစ်‌ ယောက်ကိုတစ်‌ယောက်ချစ်ခင်မြတ်နိုးခဲ့ကြတာပေါ့ အဲ့ချိန်က မောမ်လူနိဝတ်ချဝမ်ရဲ့မိဘတွေက ချောချီဝမ်ကိုသဘောမကျခဲ့ပါဘူး ခွန်ကေရဲ့အမေ(ခွန်ကန်ဒါ)ကလည်း ခွန်‌‌မောမ်လူကို အလွန်အမင်းချစ်နေပေမဲ့ ခွန်မောမ်လူကတော့ ချောချီဝမ်ကိုဘဲတစ်စိတ်တည်းချစ်မြတ်နိုး‌ပါလေရဲ့...... ဒါနဲ့ဘဲ ချောချီဝမ်ဆီက ခွန်မောမ်လူကိုလုယူနိုင်ဖို‌ခွန်ကန်ဒါနည်းလမ်းအမျိုးမျိုးကြံဖန်ပါတော့တယ်.... ဒီလိုနဲ့ဘဲခွန်ကန်ဒါရဲ့ကြံစည်မှုကြောင့် ချောချီဝမ်ဟာ သမီးလေးချင့်ချီဝါကို ကိုယ်ဝန်လွယ်ရင်း ဖခင်နဲ့တစ်ခြားမြိုနယ်ကို ထွက်ပြေးလာခဲ့ရတယ်.... အဲ့ဒါကြောင့်နဲ့ဘဲ ချင့်ချီဝါအဖိုးဟာ အမုန်းပွားပြီးပြန်ကလဲ့စားချေဖို့ စီစဉ်ရာကနေ မြေးလေးကို ချဝမ်မျိုးရိုးရှိတဲ့ ဖိချိုင်စရာရွတ်အိမ်ကိုသွားနေခိုင်းပါတော့တယ် အဲ့လိုနဲ့ဘဲချင့်ချီဝါလေးဟာ ခွန်တွန့်နဲ့ခွန်တော်ဆိုတဲ့ ညီအစ်ကိုတိုနဲ့တွေ့ဆုံရင်း ၏ဘယ်တစ်ယောက်နဲ့ဘယ်လိုချစ်ကျွမ်းဝင်မလဲ ခွန်တွန့်နဲ့ပေါင်းစည်းရမလား ခွန်တော်နဲ့ဘဲပေါင်းစည်းရမလား ရန်သူဖြစ်တဲ့ခွန်ကန်ဒါနဲ့သမီးခွန်‌ကေကိုရော အဖိုးရဲ့အလိုဆန္ဒအတိုင်း ကလဲ့စားပြန်ချေပေးနိုင်မလား ချင့်ချီဝါလေးကရော ဒီ‌ဖိချိုင်စရာရွတ်အိမ်ထဲ အချစ်မေတ္တာတွေကြားမှာ ဘယ်လိုအမုန်းတွေနဲ့ကလဲ့စားချေရမလဲဆိုတာ သိချင်ရင်တော့ ဒီဇာတ်လမ်းလေးကိုဘဲ သွားကြည့်‌ရှုလိုက်ကြရအောင်နော် Episodes: 15 Duration:100 Min Genres: Romance & Drama  Subtitled by Moo & Noon Mo Encoded by  Pinkploy Network by Ch 7 thainland

အပိုင်းများ

15 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 15 အပိုင်း

ဇာတ်လမ်းအကြောင်း