ဇာတ်ကားများ ရွေးရန်

Vikings

2013ဇာတ်လမ်းတွဲအမှတ် 8.1/10

Vikings စီးရီး (စ/ဆုံး) (ကမ္ဘာ့ရှေးဦးသမိုင်းထဲက ဗိုက်ကင်းလူမျိုးတို့အကြောင်း) Vikings ဆိုသည်မှာ ဒိန်းမတ် ၊ ဆွီဒင် ၊နော်ဝေစသည့် Scandinavia ဒေသများတွင် ရှေးခေတ်အချိန်က နေထိုင်ခဲ့သည့် လူမျိုးများကိုခေါ်သည်... သူတို့သည် အေဒီ (၈၀၀)မှ အေဒီ (၁၁၀၀) အတွင်း ဥရောပတခွင် ကျယ်ပြန့်သည့် ဧရိယာများကို လှည့်လည် သွားလာပြီး အခြေချနေထိုင်ခဲ့ကြသည်... ရှည်လျားသောလှေများဖြင့် ခရီးသွားလာတတ်သော ဗိုက်ကင်းများသည် စကင်ဒီနေဗီးယားနှင့် အင်္ဂလန်ကျွန်းအပါအဝင် ဥရောပတိုက်တွင် ခေတ်တခေတ်ကို ထူထောင်ခဲ့ကြသည်... ထို့ကြောင့် Vikings များ၏ သမိုင်းသည် ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် အဓိကအခန်းမှ ပါဝင်ခဲ့သည်... သူတို့နေထိုင်သည့် ဥရောပမြောက်ပိုင်းသည် ပြင်းထန်သည့် ရာသီဥတုရှိကာ နွေရာသီတိုတောင်းပြီး ဆောင်းရာသီတွင် နေမမြင်ရသည့် ဒေသများဖြစ်သည်... သူတို့သည် နွေရာသီတွင် ဂျုံများ ၊ မုယောစပါးများ စိုက်ပျိုးပြီး ဆောင်းရာသီတွင် အမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်းများနှင့် အသက်မွေးဝမ်းကြောင်းပြုကြသည်... ထိုဒေသသည် လူဦးရေနည်းပါးပြီး ကြမ်းတမ်းသည့် ရာသီဥတုရှိရာဒေသဖြစ်သဖြင့် ရောမခေတ်အချိန်တွင်လဲ ရိုမန်တို့ လက်အောက်မကျရောက်သကဲ့သို့ ခရစ်ယာန်အယူဝါဒများလဲပြန့်နှံ့လာခြင်းမရှိခဲ့ပေ... Vikings များသည် အုပ်စုလိုက်တည်ရှိကြပြီး သူတို့တွင် ဘုရင့်နိုင်ငံဟူ၍လည်းမရှိခဲ့ပေ...အေဒီ ၈၀၀ အချိန်မှ စတင်ကာ Vikings များသည် ပိုမိုကောင်းမွန်သည့်ဒေသများကို ရှာဖွေသွားလာမှုစတင်လာခဲ့သည်... သူတို့သည်ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး၊ကျွမ်းကျင်သည့် သင်္ဘောသားများဖြစ်ကာ လျှင်မြန်ကောင်းမွန်သည့် ရွက်လှေများကို တည်ဆောက်နိင်ကြသည်... Vikings လှေများမှာ ရွက်တခုသာပါပြီး သင်္ဘောသားများက လှော်တက်ဖြင့်လှော်ရသည်...Vikings များသည်ဥရောပကမ်းခြေဒေသများတွင် လှည့်လည်သွားလာပြီးရောက်သည့်နေရာတွင် ပြသာနာများကိုဖန်တီးလေ့ရှိတတ်သည်ဟုဆိုသည်... ထိုခေတ် ထိုအချိန်က ဥရောပကမ်းခြေတလျှောက်မှ လူများသည် Vikings လှေများကိုမြင်လျှင် ကြောက်ရွံပြီး ပြေးရှောင်ပုန်းအောင်းနေကြလေ့ရှိကြသည်ဟုဆိုသည်... လူများကိုဖမ်းဆီးပြီး တခြားတနေရာတွင်ကျွန်အဖြစ် ရောင်းစားတတ်သည်...မြို့ရွာများကို လာရောက်ကာ ရောက်ရာနေရာတွင် ဆက်ကြေးတောင်းတတ်သည်...မပေးလျှင် ဝင်ရောက်တိုက်ခိုက်တတ်သည်... နယ်မြေများကိုသိမ်းယူပြီးပိုင်ဆိုင်မှုများကို လုယူလေ့ ရှိတတ်သည် ။ ဒေသခံဘုရင်များကိုဖမ်းဆီးသတ်ဖြတ်ပြီး သူတို့၏ဘုရင်များကိုတင်မြှောက်လေ့ရှိတတ်သည်... သမိုင်းပညာရှင်များမှ Vikings လူမျိုးများကို ၃ -မျိုးခွဲခြားထားသည် ။ ၎င်းတို့မှာ ဂျာမနီ ၊ အင်္ဂလန်၊စပိန်မှသည် မြေထဲပင်လယ် ကမ်းခြေတလျှောက်ချဲ့ ထွင် သိမ်းပိုက်ပြီး အခြေချနေထိုင်ခဲ့ကြသူများအား Danish Vikings ၊ ဥရောပအရှေ့ဖက်ရုရှား ၊ ယူကရိန်းဒေသများထိ ထိန်းချုပ်ခဲ့ကြသည် Swedish Vikings ၊ အိုက်စလန်, Greenland နှင့် မြောက်အမေရိကသို့ လှည့်လည်သွားလာပြီး အခြေချ နေထိုင်ခဲ့ကြသည့် Norwegians Vikings .. တို့ဖြစ်ကြသည်... Vikings များသည် နယ်မြေသစ်များကို ရှာဖွေသွားလာတတ်သော်လဲ အတည်တကျ အခြေချနေထိုင်လေ့မရှိကြပေ ။ လှည့်လည်သွားလာနေထိုင်ကြပြီး ရောက်ရာဒေသမှဒေသခံများ၏ ယဉ်ကျေးမှု များ လက်မှု အနုပညာများကို ယူဆောင်လာတတ်သည်... သူတို့သည် ထိုအချိန်ကဥရောပတွင် အကောင်းဆုံးလှေများကိုပြုလုပ်နိင်ကာ ဓါး ၊ လှံ လက်နက်များကိုလည်း ချွန်ထက်အောင်ပြုလုပ်နိင်စွမ်းရှိသူများဖြစ်သည်။ အထူးခြားဆုံး ရွှေထည်များ ၊ သစ်သားရုပ်ထုများ ၊ ကျောက်ရုပ်တုများကိုလဲဖန်တီးနိင်သူများဖြစ်ကြသည်... ယနေ့အချိန်အထိ Vikings တို့၏ပုံပြင်များ ၊ ဝတ္ထုများ ၊ သမိုင်းမှတ်တမ်းများသည် ဥရောပမြောက်ပိုင်း ဒေသများတွင် ဂုက်ယူဝင့်ကြွားစွာ ရှင်သန်နေဆဲဖြစ်သည် ။ Vikings တို့၏ အကြောင်းကို ရိုက်ကူးထားသည့် ရုပ်ရှင်များလဲ အများအပြားရှိသည်... ဇာတ်လမ်းအညွှန်း Vikings တီဗွီစီးရီးဟာ Vikings ညီနောင်တွေနဲ့ ရဂ္ဂနာရဲ့ အုပ်စုအသိုင်းအဝိုင်း အမြော်အမြင်ကြီးပုံတွေကို ဖော်ပြခြင်းဖြစ်ပြီး Vikings မျိုးနွယ်စုရဲ့ဘုရင်ဖြစ်လာဖို့ ရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကို ရိုက်ကူးထားတာပါ... ရဂ္ဂနာဟာ အကြောက်အလန့်ကင်းတဲ့ စစ်သားဖြစ်တာကြောင့် စစ်နတ်ဘုရားအိုဒင်မှ တိုက်ရိုက်သက်ဆင်းလာသူဟု ဒဏ္ဍာရီ ဖြစ်ပေါ်ခဲ့ပါတယ်... Vikings လုပ်ဆောင်ချက်တွေကြောင့် နိုး(စ)ဒဏ္ဍာရီမှ သမိုင်းစာမျက်နှာတင်ရလောက်တဲ့ အာဂလူသားတစ်ဦးအဖြစ်ကို ရရှိလာပါတော့တယ်... ရန်သူ့အငိုက်ဖမ်း ဝင်ရောက်တိုက်ခိုက်မှု့ကြောင့် အက်ဘတ်ဘုရင်ဟာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာတော့... review crd Quality – 720p AMZN WEB-DL Duration – 44min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Drama Source : 720p.AMZN.WEBRip.DDP5.1.x264-NTb Translator – Zuel Khant Thwin Encoder – Thanhtike Zaw , Phyo Pyae

အပိုင်းများ

89 အပိုင်း၊ season 6 season

ဇာတ်လမ်းအကြောင်း