ဇာတ်ကားများ ရွေးရန်

The Outsider

2020ဇာတ်လမ်းတွဲအမှတ် 7.4/10

ဒီကားလေးက သဘာဝလွန်မူခင်းစုံထောက်ကားဖြစ်ပါတယ် Stephen King ရဲ့ဝတ္ထုကနေ ကောက်နုတ်ထားပြီးတော့ rating ကောင်းတဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဂျော်ဂျီယာမြို့မှာဖြစ်ပွားခဲ့တဲ့ ၁၁ နှစ်အရွယ်ကောင်လေးရဲ့လူသတ်မှုစတင်ခဲ့တာဖြစ်ပါတယ် ဂျော်ဂျီယာမြို့ရဲ့စုံထောက် Ralph Anderson ဟာ အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်ပြီး အမှုရဲ့အဓိကာသံသယရှိသူတဖြစ်လဲ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Terry Maiteland ကိုဖမ်းဆီးခဲ့ရကာနေ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခုတွေ့လာရပါတော့တယ် Maiteland ကတော့သူမသတ်ဘူးပြောနေပေမယ့် အလောင်းပေါ်မှာ သူ့လက်ဗွေရာကြီးတွေပဲတွေ့ခဲ့ရပါတယ် တစ်နေ့ တရားစစ်ဆေးဖို့သွားတဲ့အချိန်မှာ Maiteland တစ်ယောက် အသတ်ခံခဲ့ရာကနေ Anderson ဟာ ဒီအမှုဟာမရိုးရှင်းဘူးဆိုတာ လက်ခံသွားပြီး အမှုကိုအစကနေ Holly ဆိုတဲ့မွေးရာပါဉာဏ်ကြီးရှင်အလွတ်စုံထောက်မလေးနဲ့ ပြန်လည်တူးဖော်ခဲ့ပါတော့တယ် တူးဖော်ရင်းတူးဖော်ရင်း အဲ့အမှုနဲ့ဆင်တူတဲ့ အမှုတွေကိုတွေ့လာရပါတော့တယ် တရားခံရှိပေမယ့် တရားခံအစစ်မဟုတ်တဲ့တရားခံတွေကြားထဲမှာ လူသားတွေမယုံကြည်နိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ရှုပ်ထွေးနေတဲ့အမှုတွေကို သူတို့နှစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ် ဇာတ်လမ်းကထူးခြားပြီး တစ်ပိုင်းတစ်ပိုင်း တရားခံကဘယ်သူများလဲဆိုတဲ့ သိချင်စိတ်ကိုဆွဲခေါ်သွားနိုင်နဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ် File size…350mb Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…60min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…Shoon Thu Thu Chain

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း