ဇာတ်ကားများ ရွေးရန်

Batman: The Animated Series

1992ဇာတ်လမ်းတွဲအမှတ် 8.5/10

Batman လို့ပြောလိုက်ရင် မျက်လုံးထဲမှာ ဘယ် Batman ကို ပြေးမြင်မိကြလဲ။ Christain Bale ရဲ့ Batman လား , Michael Keaton ရဲ့ Batman လား ။ ကျွန်တော်ကတော့ ဒီ Batman Animatied ထဲက Batman ကိုပဲပြေးမြင်မိပါတယ်။ ကွယ်လွန်သူ Kevin Conroy ရဲ့ ဒီ Series ထဲက Batman ရဲ့အသံက အခုအချိန်ထိ ဘယ်သူ့မှ လိုက်မမိတဲ့အထိကို Iconic ဖြစ်ပြီး လိုက်လွန်းလှပါတယ် ။ သူမသေခင်ထိ Batman ကို ဘယ်သူ့ကိုမှအသံပေးမလုပ်ဘူးသူပဲ လုပ်မယ်ဆိုတဲ့အထိ သူ့ဇာတ်ကောင်ကို ချစ်ခဲ့တာပါ။ သူ့ကြောင့်လည်း ဒီ Series က Batman ရဲ့ Iconic ဖြစ်မှု Pop Culture , SuperHero Genre မှာ နေရာတခုရလာတဲ့ အထိအောင်မြင်လာတာပါ။ Mark Hamill (The Joker): ဂျိုကာ ဆိုရင် Mark Hamill ရဲ့ ရယ်သံကိုပဲ ပြေးသတိရတဲ့အထိ သူ့ရဲ့ အသံက ရူးသွပ်မှုနဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို အကောင်းဆုံး ပေါင်းစပ်ထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ Chemistry က တကယ့်ကို ရွှေပါပဲ။ Kevin Conroy မရှိရင် သူလည်း Joker ကို ဆက်အသံသရုပ်မဆောင်နိုင်ဘူးဆိုပြီး Mark Hamill ကိုယ်တိုင်က ပြောခဲ့တဲ့အထိကို သူတို့နှစ်ယောက်ဲရဲ့ Bond ကကောင်းပါတယ်။ 1992 ခုကထွက်ထားပေမဲ့ အခုချိန်ထိ Timeless ဖြစ်ဖြစ်ကြည့်လို့ရနေတဲ့ Series တခုပါ။ Batman ဆိုတဲ့ ဇာတ်ကောင်အကြောင်းကို ခရေစေ့တွင်းကျ သေသေချာချာပြနိုင်တဲ့ Series လည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Series က အပိုင်းတွေများတဲ့ အတွက် Batman ရဲ့ Villains တွေအကုန်ရော Batman ဆိုတဲ့ Bruce Wayne ဆိုတဲ့သူက ဘယ်လိုလဲဆိုတာကိုပါ သေချာပြနိုင်တဲ့ Series ပါ။ ဒီနေ့ထိ Batman Live action တွေ Animation တွေဆို သူ့ရဲ့ ဇာတ်ကောင် ပုံစံကို ဒီကနေ မှီငြမ်းထားကြတာပါ။ Paul Dini တို့လို စာရေးဆရာတွေကြောင့် ဇာတ်ကောင်တိုင်းမှာ Depth ရှိပါတယ်။ ဗီလိန်တွေကို ရိုးရိုးရှင်းရှင်း "ကမ္ဘာကြီးကို ဖျက်ဆီးမယ်" ဆိုတဲ့ မကောင်းဆိုးဝါးတွေလို မပြဘဲ၊ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကိုပါ ထည့်ရေးထားတာပါ။ Mr. Freeze ရဲ့ "Heart of Ice" အပိုင်းဆိုရင် တကယ့်ကို ရင်နင့်စရာကောင်းပြီး Emmy Award တောင် ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ပြီးတော့ Harley Quinn, အခုချိန်မှာ အရမ်းနာမည်ကြီးနေတဲ့ Harley Quinn ဟာ Comic ကနေလာတာမဟုတ်ဘဲ ဒီ Animated Series ကနေမှ Paul Dini က စတင်ဖန်တီးပေးခဲ့တာပါ။ ဒီတော့ ဒီ Series ကဘယ်လောက်တောင် လွှမ်းမိုးမှုကြီးလဲ စဉ်းစားသာကြည့်လို့ရပါတယ်။ BTAS ဟာ Batman ရဲ့ Action တွေတင်မကဘဲ၊ ကမ္ဘာ့အကောင်းဆုံး စုံထောက် (World's Greatest Detective) ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ မှုခင်းစုံစမ်းတဲ့အပိုင်းတွေ၊ Bruce Wayne ရဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေကိုပါ အမိအရ ဖမ်းဆုပ်နိုင်ခဲ့တဲ့ အကောင်းဆုံး ဖန်တီးမှုပါပဲ။ ဒီထက် ဆက်ညွှန်းရင် ကြည့်ရမှာ အရသာပျက်မှာဆိုးလို့ ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။ File size… 300 MB(Appx;)@Episode Quality… Blu - Ray 1080p Format… mp4 Duration…. 20m @Episode Genre ..... Animation , Superhero , Action Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

85 အပိုင်း၊ season 4 season
ပြထားသည် 12 မှ 60 အပိုင်း

ဇာတ်လမ်းအကြောင်း