ဇာတ်ကားများ ရွေးရန်

Lupin Season 3

2023ဇာတ်လမ်းတွဲ

Lupin (2021) Season 04 (Ep01) Ongoing IMDb Rating (7.5) / Rotten Tomatoes (98%) ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆိုတာနဲ့ ရိုမန့်စ်တွေပြည့်နှက်နေတဲ့အချစ်မြို့တော်ကြီးလို့ပဲ တော်တော်များများက ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် ဒီဇာတ်လမ်းမှာတော့ ပဲရစ်မြို့က ဇာတ်လိုက်​ကျော်ခိုးသားကြီး အာဆန်းဂျုပ်ရဲ့ပြောင်မြောက်တဲ့ခိုးကွက်တွေကို ကြည့်ရှုကြရမှာပါ။ ခိုးသားဆိုလို့ သာမန်သူခိုးတော့မဟုတ်ပါဘူး။ ပဲရစ်မြို့ရဲ့ အထင်ကရပြတိုက်ကြီး လူဗာပြတိုက်ကသမိုင်းဝင်ယူရိုသန်းချီလည်ဆွဲကြီးကိုမှ ပါးပါးနပ်နပ်ခိုးယူမယ့် သူခိုးကြီးပါ။ သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီးကတော့ ခိုးသားလူကြီးလူကောင်းဆိုတဲ့ စာအုပ်ထဲက "အာဆင်နီလူပင်" ပါပဲ။ အာဆင်နီလူပင်ရဲ့ အကွက်တွေကိုအသုံးချပြီးဟိတ်ဟန်အပြည့်နဲ့ ရုပ်ပြောင်းရုပ်လွှဲအမျိုးမျိုးနဲ့ ပါးပါးနပ်နပ်ကစားသွားပုံတွေကတော့ သြချလောက်စရာပါ။ ဒါပေမယ့်သူ့ရည်ရွယ်ချက်က ငွေလိုချင်ရုံသက်သက်မဟုတ်ပါဘူး။ ဒီသမိုင်းဝင်လည်ဆွဲကြီးကိုမှ ဘာလို့ခိုးယူရလဲဆိုတာတွေကိုတော့ ၁၉၉၅ ခုနှစ် အာဆန်းရဲ့ငယ်စဥ်ကလေးဘဝပုံရိပ်တွေနဲ့အတူ ပြသွားတာဖြစ်ပြီး အပိုင်း၅ပိုင်းပဲ ပါတာဖြစ်တဲ့အတွက် ငြီးငွေ့မသွားစေဘဲအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ Translators - Yoon Sandi Aung, MTA Quality; 1080p and 720p

အပိုင်းများ

8 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း