American Horror Story
AHS Season 13 ဒီ S13 ကတော့ AHS ဖန်တွေအတွက် ရွှေပါပဲဗျာ ဘာလို့လဲဆိုတော့ AHS ရဲ့ ပင်တိုင်သရုပ်ဆောင်တွေ အကုန်ပြန်ပါလာတဲ့အပြင် Season တစ်ခုချင်းစီက သူတို့ဇာတ်ကောင်တော်တော်များများကလည်း Superhero Team-up ကားတွေလို အကုန်လာစုဝေးပြီး ပြန်ပါဝင်လာကြမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီ S13 ကတော့ Anthology ဆိုပြီး သီးသန့်ကြည့်လို့မရတော့ပါဘူး အရင် AHS တွေကို ကောင်းကောင်းကြည့်ဖူးမှ ပိုပြီး နားလည်သဘောပေါက်လွယ်မှာ ဖြစ်ပါတယ်။ ဒီကောင့်ဇာတ်လမ်းကတော့ 13 ဆိုတဲ့အတိုင်း 13 ဂဏန်းတွေနဲ့ ပတ်သက်နေတာတွေချည်းပါပဲ။ ဒီဇာတ်လမ်းကျမှ အသစ်ပါဝင်လာတဲ့ဇာတ်ကောင် သက်ကြီးရွယ်အို စောင့်ရှောက်ပေးသူ ဘန်ဟာ ၁၃ ဂဏန်းကိုကြောက်တဲ့ရောဂါ ရှိသူပါ။ ၁၃ ဂဏန်းကို ကြိုက်သူကောင်မလေးနဲ့ ကပ်ဘေးတစ်ခု ကြုံဆုံပြီးတဲ့နောက်မှာ နောက်ထပ်သီးသန့်အလုပ်တစ်ခု လက်ခံဖြစ်ပါတယ်။ အဲဒါကတော့ တိုက်ကြီးတစ်တိုက်ရဲ့ ၁၃ ထပ်မြောက်က ၈၇ နှစ်အရွယ်လူမမာကြီးကို ညစောင့်အဖြစ် ပြုစုစောင့်ရှောက်ပေးရမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာတင် ၁၃ ဂဏန်းနဲ့ ပတ်သက်တာတွေ ဘာတွေဖြစ်လာမလဲ အရင် AHS Season က ဇာတ်ကောင်တွေ အစုံပလုံကလည်း ဘယ်လိုမျိုးတွေ လာပတ်သက်ကြမလဲ နောက်ပြီး AHS ပင်တိုင်သရုပ်ဆောင်တွေကလည်း ဇာတ်ကောင် ၃ ကောင်အထက် ဇာတ်ကောင်တွေနဲ့ ဘယ်လိုမျိုး အစွမ်းပြသွားကြမလဲဆိုတာကို S13 ဆိုတဲ့အတိုင်း ၁၃ ပိုင်း ကြည့်ရှုခံစားသွားရမှာပဲ ဖြစ်ပါတယ်ဗျာ… Season 11 The Police Want Us Dead See Something , Say Something အချိန်ကာလအားဖြင့် ၁၉၈၀ ဝန်းကျင် အမေရိကန်ပြည်ထောင်စု မြို့တစ်မြို့ ရဲ့လမ်းတွေပေါ်မှာ လူလတ်ပိုင်းအရွယ်ကောင်လေးတစ်ယောက်ဟာ အပေါ်က”The Police Want Us Dead” ဆိုတဲ့ စာသားကို စာလုံးခပ်ကြီးကြီးနဲ့ ရေးထားတဲ့ စာရွက်တွေတစ်ပွေ့ကြီးနဲ့ လမ်းတွေမှာလိုက်ဝေ၊လိုက်ကပ်နေတယ်၊၊ သူဘာဖြစ်လို့ ဒီလိုတွေလိုက်ဝေနေတာလဲ ၊ ဒီလိုပြင်းထန်တဲ့အသုံးအနှုန်းမျိုးကို ဘာလို့သုံးရတာလဲ။ အနည်းအကျဉ်းပြန်ပြောရရင် သူ့နာမည်က “အက်ဒမ်”တဲ့ ၊၊ လိင်တူကြိုက်တတ်တဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်၊၊ အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၈၀ ဝန်းကျင်တစ်ဝိုက်ကာလဟာ “အက်ဒမ်”တို့လို LGBTQ+ တွေအတွက် အပြောင်းအလဲအများဆုံးနဲ့ အလှုပ်ခတ်ဆုံးကာလလို့ ဆိုရလိမ့်မယ်၊၊ လိင်တူနှစ်သက်သူတွေကို ဖိနှိပ်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေ၊မုန်းတီးရွံရှာမှုတွေ များပြားနေပြီး တစ်ဖက်မှာလည်း ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြ၊ထုတ်ဖော်ပြောဆိုကြ ၊ ချီတက်ဆန္ဒပြကြတဲ့ အတွန်းအတိုက်အများဆုံးကာလတွေပေါ့၊၊ တစ်ရက်မှာတော့ “အက်ဒမ်”ရဲ့ သူငယ်ချင်း “ဆူလီ”ဟာ သူ့မျက်စိရှေ့မှာပဲ အကောင်ကြီးကြီး လူ့ဘီလူးကြီးတစ်ကောင်နဲ့ အတူပျောက်ခြင်းမလှပျောက်သွားတယ်၊၊ “အက်ဒမ့်” အနေနဲ့ သူ့သူငယ်ချင်းအတွက် စိုးရိမ်တာကြောင့် ရဲစခန်းကို သွားအမှုဖွင့်ခဲ့ပေမယ့်လည်း ရဲတွေကတော့ “ယွထပြီး”လိုက်သွားတာမျိုးရောမဖြစ်နိုင်ဘူးလား ဆိုတဲ့ ပုံစံမျိုးနဲ့ ဖိနှိပ်ခွဲခြားပြီး အမှုဖွင့်ပေးဖို့တောင် ငြင်းဆိုခဲ့တယ်၊၊ ဒီလိုနဲ့ “အက်ဒမ်”တစ်ယောက် သူ့သူငယ်ချင်းအတွက် ကိုယ့်အားကိုယ်ကိုး စုံစမ်းရင်း သူတို့မြို့မှာ လိင်တူကြိုက်တဲ့ ဂေးအမျိုးသားတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးနေကြောင်း သိလာရတယ်၊၊ ဒီလူတွေဘာလို့ပျောက်ဆုံးနေတာလဲ၊၊ ဘယ်သူက သူတို့ကို ပစ်မှတ်ထားနေတာလဲ စသဖြင့်လိုက်စုံစမ်းရင်း သူသိလာရတာကတော့ ဒီလူတွေဟာ အသတ်ခံရတာဖြစ်ပြီး ဒီလူသတ်မှုတွေအကြောင်းရဲတွေကလည်း သေချာသိနေတယ်ဆိုတာပါပဲ၊၊ ဒါပေမယ့်(ပြဿနာက) ဒီလောက်လူတွေအများကြီးသေတဲ့အမှုကို ရဲတွေက သေချာမစုံစမ်းဘဲ ပြီးစလွယ်ပိတ်ပစ်နေတယ်ဆိုတာပါပဲ၊၊ အဲ့ဒီနောက်မှာတော့ အက်ဒမ်ဟာ “ဂျီနို ဘရဲလီ” ဆိုတဲ့ ဂေးအမျိုးသား သတင်းထောက်နဲ့ လက်တွဲပြီး ကွင်းဆက်လူသတ်သမားတစ်ဦးက ဂေးအမျိုးသားတွေကို ပစ်မှတ်ထားနေကြောင်း၊ရဲတွေဆီသွားတိုင်လည်း ခွဲခြားဆက်ဆံခံပြီး ဘာမှမထူးကြောင်း လူအများသိအောင် ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်….. ဒီ series ဟာ American Horror Series တွေထဲမှာ (၁၁)ခုမြောက် series ဖြစ်ပြီး အပိုင်း(၁၀)ပိုင်းပါတဲ့ (ရှေ့ series တွေနဲ့ အဆက်အစပ်မရှိပါ) mystery , thriller အမျိုးအစားဖြစ်ပါတယ်၊၊ အမေရိကန်နိုင်ငံရဲ့ ၁၉၈၀ ကျော်ကာလတွေကို ဇာတ်အိမ်တည်ထားပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ LGBTQ+ လှုပ်ရှားမှုတွေ AIDS pandemic ကာလတွေကို အခြေခံကာ စိတ်ကူးတည်ဆောက်ထားပြီး ဇာတ်အလှည့်အပြောင်းတွေ၊မထင်ထားတဲ့မြှုပ်ကွက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ series တစ်ခုဖြစ်တာကြောင့် CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်၊၊ File size… 800 MB / 300 MB Quality… WEB - 1080p / 720p Format… mp4 Duration…. 1h Genre ..... Drama, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.. Orika , Pyi Ti Nyein , Jaka , Damien , Benni , Yumi
အပိုင်းများ
145 အပိုင်း၊ season 13 seasonဇာတ်လမ်းအကြောင်း