ဇာတ်ကားများ ရွေးရန်

Remember You

2021ဇာတ်လမ်းတွဲအမှတ် 5.5/10

မြန်မာနာမည် ကိုနေလင်းလို့သိကြတဲ့ GMM က ထိုင်းမင်းသားချောလေး Tay Tawan ရဲ့ အသစ်စက်စက် ဇာတ်လမ်းတွဲအသစ်လေးဖြစ်ပြီး ၂၀၁၅ခုနှစ်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ "Hello Monster" ကိုရီးယားဒရမ်မာကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လူတစ်ယောက်ရဲ့ရုပ်ကိုမြင်တာနဲ့ လူကောင်းလား လူဆိုးလားခွဲခြားသိမြင်နိုင်တဲ့ ထက်မြက်တဲ့ စုံထောက် ထန်ဝ(Petch Paopetch Charoensook)... ကလေးဘဝမှာ ဖခင်ဖြစ်သူ က ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး ညီဖြစ်သူကပါ ပျောက်ကွယ်သွားတဲ့ ထန်ဝါ တစ်ယောက် တည်ကြည်လှတဲ့သူ့ရဲ့မျက်နှာနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှောင်ထုတရားတွေ ​ရှိနေပါတယ်။ စုံထောက် ထန်ဝါကို လေးစားအားကျပြီး သူ့အတိုင်းအတုယူနေတဲ့ ထိပ်တန်းစုံထောက်မလေး အိုင်(Belle Kemisara Paladesh)... အိုင် နဲ့ ထန်ဝါ တို့ တွေ့ဆုံဖို့အကြောင်းဖန်လာပြီး အမှုတစ်ခုကို စုံစမ်းဖို့ ဖြစ်လာတဲ့အခါမှာတော့... ဖြေရှင်းလေလေ ပိုရှုပ်ထွေးလေလေဖြစ်လာပြီး လျှို့ဝှက်ချက်တွေကလည်း တစ်ခုပြီးတစ်ခုပေါ်လာတော့တယ်။ ထန်ဝါ တစ်ယောက် ညီဖြစ်သူကိုပြန်ပြီးရှာတွေ့နိုင်ဦးမှာလား ဆိုက်ကိုပါ့သ် တစ်ယောက်ရဲ့ကြောက်စရာကောင်းလှတဲ့ အမှောင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လူသတ်မှု တွေကို ရင်ခုန်စွာနဲ့ ကြည့်ရှုပြီး ကိုယ်တိုင်အဖြေထုတ်ရမယ့် Mystery Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ပိုင်းနှုန်းနဲ့ တနင်္လာနေ့ နဲ့ အင်္ဂါနေ့များမှာ ထုတ်လွှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။ HAW မှ အညွှန်းရေးသားထားပါတယ် ဘာသာပြန်တွေကတော့ Hazel, HAW, Ko Ye', Lei တို့ပဲ ဖြစ်ကြပါတယ်။ File Size - 500 MB Quality - 720p Subtitle - Myanmar (Hardsub) Duration - 60 min Format - mp4 Translator - Hazel, HAW, Ko Ye', Lei Encoder - August

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း