11.22.63
~ IMDb - 8.1/10, Rotten Tomatoes - 83% ~ Stephen King ဆိုတာနဲ့ စာပေလောကမှာရော Live Action နယ်ပယ်မှာပါ မသိသူမရှိတဲ့ နာမည်ကျော်စာရေးဆရာကြီးဖြစ်သလို ရေးသားခဲ့တဲ့ ဝတ္ထုတိုင်းနီးပါးဟာလည်း ၁၉၇၀နှောင်းပိုင်းကစလို့ အခုချိန်ထိ ရုပ်ရှင်နဲ့စီးရီးပေါင်းများစွာ Adaptation ပြုလုပ်ခံထားရသူတစ်ဦးပါ။ ဒီစီးရီးကတော့ Stephen King ရဲ့ နာမည်ကျော် Time travel novel ဖြစ်တဲ့ 11/22/63 ကို Live Action အဖြစ် ပြန်အသက်သွင်းထားတဲ့ Mini Series ပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ ကျွန်တော်တို့ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ရတဲ့ နာမည်ကျော်မင်းသား James Franco က ဂျိတ်အက်ပင်းအဖြစ် ပါဝင်ထားပါတယ်။ IMDb က 8.1/10 နဲ့ RT ဆို 83% ထိ ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဂျိတ်က သူနဲ့အတော်ရင်းနှီးတဲ့ စားသောက်ဆိုင်ပိုင်ရှင် အယ်မှတဆင့် သဘာဝလွန်အရာတစ်ခုအကြောင်း သိရှိသွားတဲ့အကြောင်းပါပဲ။ အဲဒါကတော့ အယ်ရဲ့ဆိုင်ထဲက စတိုခန်းတစ်ခုဟာ ၁၉၆၀ခုနှစ်ကို ပြန်သွားလို့ရတဲ့ အချိန်တံခါးပေါက်တစ်ခု ဖြစ်နေတယ်ဆိုတာပါ။ အယ်က ဒီတံခါးကို သုံးပြီး အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရတဲ့ ၁၉၆၃ခုနှစ် ၁၁လပိုင်း၂၂ရက်နေ့ကိုပြန်သွားပြီး အဆိုပါလုပ်ကြံမှုကို တားဆီးဖို့ ကြိုးစားချင်တာပါ။ ဂျွန်အက်ဖ်ကနေဒီသာ အသက်ရှင်ခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံရော တစ်ကမ္ဘာလုံးပါ အခုထက် ပိုငြိမ်းချမ်းသွားမယ်လို့ ယုံကြည်ထားတဲ့ အယ်က ကင်ဆာရောဂါကြောင့် အောင်မြင်အောင် မလုပ်နိုင်တော့တဲ့အချိန် အဲဒီတာဝန်ကို ဂျိတ်ဆီလွှဲပြောင်းပေးခဲ့ပါတယ်။ ဂျိတ်အနေနဲ့ အဲဒီ အချိန်တံခါးပေါက်ကိုသုံးပြီး သမ္မတကြီးဂျွန်အက်ဖ်ကနေဒီကို တကယ်ပဲ ကယ်တင်နိုင်မှာလား၊ ဖြစ်ခဲ့ပြီးသားအတိတ်ကို ပြောင်းတဲ့နေရာမှာ တကယ်ပဲ ထင်သလောက်လွယ်ကူနေပါ့မလား၊ အကယ်၍ အသက်ရှင်ခဲ့ရင်လည်း သူတို့မျှော်လင့်ထားသလို ပိုပြီးငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်သွားမှာလား စသဖြင့် သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့် Mystery ဆန်ဆန် Mini Series ပဲဖြစ်ပါတယ်။ အပိုင်း၈ပိုင်း ပါဝင်ပြီး လမကုန်ခင် အဆုံးထိ တင်ဆက်ပေးသွားပါမယ်။ (ဒီစီးရီးကို ဘာသာပြန်ပေးသူကတော့ X ပဲဖြစ်ပါတယ်။) Size ~ 700MB+ Total - 8 Episodes Quality – 1080p Duration ~ 45min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Mystery, Romance Source : HULU.Web-dl.1080p Translator – X Encoder – Y
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း