Unframed
Unframed (2021) Unframed ဆိုတာကတော့ မင်းသား၊ မင်းသမီးတွေ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ဇာတ်လမ်းဇာတ်ညွှန်းကို ရေးသားရိုက်ကူးထားတဲ့ ဇာတ်လမ်း ၄ ခုပါ ပရောဂျက်တစ်ခုပဲ ဖြစ်ပါတယ်။ ဝတ္ထတိုတွေဟာ တိုတိုထိထိ နဲ့ ကောင်းသလို ရုပ်ရှင်ဇာတ်လမ်းတိုတွေဟာလည်း အချိန်နည်းနည်းနဲ့ ပေးချင်တဲ့ ခံစားမှုရသကို အချိန်တိုအတွင်း ပေးနိုင်ကြပါတယ်။ အချိန်နည်းနည်းလေး ပေးလိုက်ရုံနဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကားကောင်းကောင်းတစ်ခုကို ခံစားကြရမှာပါ။ ဇာတ်လမ်းတစ်မျိုးကို ရသတစ်မျိုးစီ ပေးတာမို့ ခံစားကြည့်ကြပါဦး။ ပါဝင်တဲ့ ဇာတ်လမ်တွေကတော့ 1. Park Jung Min - Class Representative Election 2. Son Seok Koo - Rerun 3. Choi Moon - Bandi 4. Lee Je Hoon - Blue Happiness တို့ပဲ ဖြစ်ကြပါတယ်။ ၁။ Class Representative Election ဒီMini Seriesလေးရဲ့ အပိုင်း၁မှာ ကြည့်ရှုရမှာကတော့ ၅တန်းကျောင်းသားတွေရဲ့ အတန်းခေါင်းဆောင်ရွေးချယ်ပွဲကြီးပါ။ ၅တန်းကျောင်းသားတွေဆိုပေမယ့် အတန်းတွင်း အငွေ့အသက်တွေကအထက်စီးဆန်ပြီး... ငယ်ငယ်လေးနဲ့ရင့်ကျက်သလိုထင်ရပေမယ့် စည်းလွတ်ဘောင်လွတ်ဖြစ်နေတာကတော့ ဒီစီးရီးရဲ့ခေါင်းစဉ်နဲ့ကိုက်ညီတယ်လို့ပဲ ပြောရမှာပေါ့။ ထိန်းမနိုင်တဲ့ အဆိုးအသွမ်းတွေရယ်... အပယ်ခံကျောင်းသားတစ်ယောက်ရယ်... အတန်းခေါင်းဆောင်ရွေးချယ်ပွဲကြီးရယ်... တကယ့်ကို ရိုးရိုးလေးပါပဲ။ ကြည့်သင့်တဲ့အချက်ကတော့ ကလေးသရုပ်ဆောင်တွေအားလုံးရဲ့ သရုပ်ဆောင်စွမ်းရည်ပါ။ အဆိုးအသွမ်းလေးတွေဆိုပေမယ့်လည်း ကြည့်ရတာ တစ်မျိုးလေး အရသာရှိနေပြန်ပါရော ကဲဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ခံစားကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p File size… 360MB and 192MB Format…mp4 Duration….24min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... August ၂။ Rerun မိသားစုနဲ့ ဆွေမျိုးဆိုတဲ့ အသိုင်းအဝန်းက သွေးထက်တောင်ပျစ်တယ်ဆိုတဲ့ စကားက အကြောင်းမဲ့ထွက်လာတာမျိုးတော့ မဟုတ်ပါဘူး။ နီးတကျက်ကျက် ဝေးတသက်သက် ဆိုသလို အနားမှာရှိနေရင်သာ မတည့်ရင်နေမယ်၊ ကွဲကွာနေတဲ့အချိန် အရေးကြုံလာပြီဆိုရင် အရင်ဆုံးပြေးမြင်မိတာက မိသားစုနဲ့ ဒီဆွေမျိုးတွေကိုပါပဲ Unframed ဆိုတဲ့ ဒီ Mini Seriesရဲ့ ဒုတိယပိုင်းကတော့ ဆူအင်း ဆိုတဲ့ မအောင်မြင်သေးတဲ့ သရုပ်ဆောင်လေးနဲ့ သူ့ရဲ့ အဒေါ်ဖြစ်သူတို့ အမျိုးရင်းထဲက မင်္ဂလာပွဲတစ်ခုကို သွားရမယ့်အကြောင်း ပုံဖော်ထားတာပါ အသက်အရွယ်ရပြီး ကျန်းမာရေးမကောင်းတော့တဲ့ အဒေါ်နဲ့ သရုပ်ဆောင်အဖြစ်တောင် နာမည်မရှိသေးတဲ့ တူဖြစ်သူတို့ ဆွေကြီးမျိုးကြီးတွေရဲ့ မင်္ဂလာပွဲကိုတက်ရမယ် ဆိုတဲ့အခါ မသွားပြန်ရင်လည်း မျက်နှာနာ၊ သွားပြန်ရင်လည်း သိမ်ငယ်ရတဲ့ အခြေအနေမျိုးကို တူဝရီး၂ယောက်ဘယ်လို ရင်ဆိုင်ကြမလဲ၊ မိသားစုတစ်ခုရဲ့ သွေးစည်းမှု ချစ်ခင်မှုနဲ့ နွေးထွေးမှုဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို မိနစ်၃၀စာ ရှုထောင့်တစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p File size… 460MB and 225MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August ၃။ Bandi Bandi ဆိုတဲ့ ဇာတ်လမ်းလေးကတော့ မိခင်မေတ္တာ မိသားစုဘဝလေး ဘယ်အရာမဆိုတွေးတတ်ရင်ပျော်ဖို့ကောင်းတယ်ဆိုတဲ့ နွေးထွေးတဲ့အကြောင်းအရာတွေကို ထည့်သွင်းဖော်ကျူးထားတဲ့ မီနီဒရမ်မာလေးပါ အမြဲတမ်း ခဏခဏ ရှပ်ပြာရှပ်ပြာနဲ့ တခြားသူကို အားကိုးတတ်တဲ့လူလည်း အာကိုးစရာမရှိတော့ဘဲ အမေဖြစ်လာတဲ့အခါ အကျင့်ဆိုးတွေအကုန်ပျောက်ပြီး သားသမီးရှေ့ကနေ မားမားမတ်မတ်ရပ်တည်တတ်လာကြတယ် မိစုံဖစုံမရှိလည်းပဲ သွန်သင်ဆုံးမ နှစ်သိမ့်ပေးပြီး အချစ်တွေပေးနိုင်ရင် ဘယ်ကလေးမဆို ပြန်လည်တောက်ပနိုင်တယ်ဆိုတဲ့ ဒီလိုမျိုးအကြောင်းအရာလေးတွေကို လှလှပပ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတာဆိုတော့ ဇာတ်လမ်းလေးက ဘယ်လိုလေးဖြစ်မှာလဲဆိုတာ အခုပဲဒေါင်းကြည့်လိုက်ရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Yamin Ei ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p File size… 598MB and 294MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Yamin Ei Encoder ..... August ၄။ Blue Happiness ဘွဲ့ရပြီး အလုပ်လိုက်ရှာနေဆဲ သာမာန်အမျိုးသားတစ်ယောက် ချစ်သူကောင်မလေးကတော့ ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်နေတဲ့ သာမာန်ဝန်ထမ်းတစ်ယောက် သူတို့နှစ်ယောက်ရဲ့ တစ်နေ့တာကရိုးရှင်းတယ် တစ်လတာကုန်ကျစရိတ်တွေကို တွက်ချက်ပြီးရှာကြတယ် နောင်ရေးအတွက် ငွေစုတာဆောင်းတာ ဘယ်လုပ်နိုင်ဦးမှာလဲ အမျိုးသမီးတစ်ယောက်ရဲ့ ဝင်ငွေနဲ့ရပ်တည်နေတဲ့အိမ်လေးကိုး.. အချိန်ပိုင်းအလုပ်လေးတွေလုပ်ပြီး ရတဲ့နည်းနဲ့ ကြိုးစားပိုက်ဆံရှာနေတဲ့အဲ့ဒီအမျိုးသားက တစ်နေ့တော့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ဆုံတယ် ရွယ်တူအပေါင်းအသင်းကြားထဲ သိမ်ငယ်မှုတစ်ခုကို ခံစားလိုက်ရတဲ့သူက ကြီးပွားမယ့်လမ်းကိုလိုက်ဖို့ပြင်ရင်း... သက်လတ်ပိုင်းအရွယ် အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တစ်ယောက်ရဲ့ သိမ်ငယ်မှု လောဘနဲ့ နောင်တကို တစ်ပြိုင်တည်းပေါ်အောင် ရိုက်ထားနိုင်တဲ့ ဇာတ်လမ်းတိုလေးပါ ကိုစိုးမိုးနိုင်နဲ့အစချီပြီး Cast ကောင်းကောင်းလေးတွေနဲ့ပဲရိုက်ကူးထားတာမလို့ ကြည့်ရှုလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Amelia ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p File size… 543MB and 282MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia Encoder ..... August
အပိုင်းများ
4 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း