Dr. Romantic
Dr. Romantic(2016) ဇာတ်လမ်းအညွှန်း အပိုင်း( ၁ မှ ၂၁ ) အထိ စ/ဆုံး ဒီဇာတ်လမ်းတွဲကို အစတုန်းက ကားနာမည် Dr. Romantic ဆျာဝန်တွေက နင်းကန်ရိုပြီး ချစ်ပြနေတဲ့စီးရီးလို့ တလွဲယူဆပြီး မကြည့်ခဲ့မိတာပါ...တကယ်တော့ Romantic ဆိုတာ လူနာတွေနဲ့ ခွဲခန်းတွေမှာ ကျွမ်းကျင်တဲ့ အကပညာရှင်တစ်ယောက်လို ဆရာဝန်တွေဟာ ကိုင်တွယ်ဖြေရှင်းတာလို့ ဆိုလိုချင်ပုံရပါတယ်... ဒီစီးရီးရဲ့ကောင်းချက်တွေက ပြောလို့ကို ကုန်မှာမဟုတ်ဆို လွန်ရာကျပါလိမ့်မယ်...ကြည့်ဖူးတဲ့သူတွေသိပါတယ်... လူနာတစ်ယောက်အသက်ရှင်ဖို့ ဟိုးအောက်ခြေဝန်ထမ်းကစလို့ အမြင့်ဆုံးဆရာဝန်တွေအထိ တာဝန်ယူရတဲ့အပိုင်းတိုင်းအရေးကြီးတာကို ပြထားသလို ခွဲခန်းတွေကလည်း နယ်မြို့လေးမှာ အထောက်အပံနည်းနည်းနဲ့ တတ်မြောက်ထားတဲ့ပညာတွေနဲ့ လက်ရှိအခြေအနေပေါ်မူတည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကုသရတဲ့အပိုင်းတွေကလည်း တကယ့်ကိုသဲထိတ်ရင်ဖိုပဲ.... ဇာတ်လမ်း ဇာတ်အိမ်ကောင်းသလို အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Han Seok Kyu ,Yoo Yeon Seok နဲ့ Seo Hyun Jin တို့ကလည်း တကယ့်အမိုက်စားပါပဲ... ဗီလိန်ဆန်ဆန် ဇာတ်ကောင်တွေလည်းထည့်ထားသလို Medical Drama ဆိုပေမဲ့ Adventure Vibes ကို အပြည့်အဝရနေတဲ့စီးရီးဆိုရင်လည်းမမှားပါဘူး... အထူးသဖြင့် ဆရာကင်အဖြစ်သရုပ်ဆောင်တဲ့ Han Seok Kyu ရဲ့ ခပ်ဆိုးဆိုးပြောပေါက်တွေကလည်း ဒီဇာတ်လမ်းရဲ့အသားပါပဲ... Hospital Playlist ထဲက သူတော်စင်လူရိုးလေးကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဂျစ်ကန်ကန် လက်သွက်ခြေသွက်ကောင်ဆိုးလေးပေါ့... ဇာတ်လမ်းကိုတော့ ထွေထွေထူးထူးမပြောတော့ပါဘူး...ကျားရော မရော ကြိုက်မယ်လို့အာမခံသလို English စီးရီးတွေမှာ ရင်ထဲထိတဲ့သူတွေတောင် ဒီဇာတ်လမ်းတွဲကိုလုံးဝကြိုက်သွားမယ်လို့ အာမခံပါတယ်.. Special Episode:1 Episodes: 20 Duration: 60 Min Genres: Romance, Drama, Medical Subtitled by Myat Thet , Estel , Yumeko & WinTZ Encoded by Phyo Pyae
အပိုင်းများ
21 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း