ဇာတ်ကားများ ရွေးရန်

Yu Yu Hakusho

2023ဇာတ်လမ်းတွဲအမှတ် 7.7/10

Yu Yu Hakusho Season 1 (2023) အားလုံးပဲစောင့်မျှော်နေကြတဲ့ Yu Yu Hakusho Live action ၅ ပိုင်းတွဲ series ကို CM က တင်ဆက်ပေးလိုက်ပါပြီ။ Hunter X Hunter / Yu Yu Hakusho တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး Yoshihiro Togashi ရဲ့ လက်ရာဖြစ်တဲ့ ၁၉၉၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Yu Yu Hakusho Manga series ကို Netflix ကနေ Live action ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Visual effects တွေကလည်း Stranger Things, Shadow and Bone အစရှိတဲ့ စူပါဟီးရိုးကားတွေ Godzilla တို့လို ကားတွေ ရဲ့ ကုမ္ပဏီဆိုတော့ ပြောစရာသိပ်မလိုလောက်အောင်ပါပဲ။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ Yusuke Urameshi ဆိုတဲ့ကောင်လေးတစ်ယောက်က ကလေးတစ်ယောက်ကိုကယ်ရင်း ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးကာ Spiritual world ကို ရောက်ရှိသွားပါတယ်။ အဲမှာ သေမင်း Botan ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိပြီးတော့ သု့ရဲ့လုပ်ရပ်က မထင်မှတ်ထားတာဖြစ်တဲ့အတွက် သူ့အတွက် နတ်ပြည်ရော ငရဲပြည်မှာပါ နေရာမရှိပါဘူးလို့ ပြောလာပါတယ်။ သူ့ကိုလူပြန်ဝင်စားဖို့အတွက် အမှုရင်ဆိုင်ပြီးမှ ရမယ်ဆိုပြီးပြောပြီး ဝိညာဉ်စုံထောက်အနေနဲ့ ‌Spiritual world ကနေ ယော့ကိုင်းကြီးသုံးကောင် ခိုးယူသွားတဲ့ ပစ္စည်းသုံးခုကို လိုက်လံရှာဖွေခိုင်းပါတော့တယ်။ အဲမှာဘယ်လိုတွေ ဆက်ဖြစ်မလဲ။ ယော့ကိုင်းတွေကိုရော ဘယ်လိုနှိမ်နင်းမလဲ။ ပစ္စည်းတွေပြန်ရှာတွေ့ပြီး လူပြန်ဝင်စားနိုင်ပါ့မလားဆိုတာ Visual Effects အမိုက်စားတွေနဲ့ Live action ချစ်သူ‌တို့အတွက် တင်ဆက်ပေးလိုက်ရပါကြောင်း.. အညွှန်းကိုတော့ Kaung Set က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung Set, Hmwe, Khaing, Laii တို့ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sci-fi & Fantasy Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung Set, Hmwe, Khaing, Laii Encoder ..... Aaron

အပိုင်းများ

5 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း