ဇာတ်ကားများ ရွေးရန်

Into the Night

2020ဇာတ်လမ်းတွဲအမှတ် 7.2/10

Into The Night (2021) ၂၀၂၀ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက အက်ရှင်သိပ္ပံကားကြိုက်သူများကို သိမ်းသွင်းခဲ့တဲ့ "Into The Night"ဟာ Season 2 ထွက်ရှိလာပြီဖြစ်ပါတယ်။ Rating လည်းမြင့်ပြီး ဝက်ဝက်ကွဲ​အောင်မြင်ခဲ့တဲ့​ကား​လေးကို မသိသူမရှိ​လောက်​​ပေမယ့် အမြည်းဇာတ်ညွှန်း​လေး​တော့ ရေး​ပါရ​စေဗျာ။ အကယ်၍များ ကျွန်​တော်တို့သက်ရှိ​သတ္တဝါတွေကို နေလုံးကြီးက လိုက်သတ်​နေရင် ဘယ်လိုလုပ်ကြမလဲဗျ။ ကျွန်​တော်တို့ အသက်ရှင်နိုင်ကြပါ့မလား။ အသက်ရှင်တယ်ဆိုရင်​တောင် ရှင်သန်လှုပ်ရှားဖို့ဖြစ်နိုင်ပါ့မလား။ ဘယ်လိုစား​သောက်​နေထိုင်ကြမှာလဲ။ စဥ်းစားကြည့်​တော့လည်း မဖြစ်နိုင်သလိုပဲ​နော်။ ဒါ​​ပေမယ့် ဒီကား​လေးက အ​ပေါ်ကမေးခွန်း​တွေကို အ​ခြေခံပြီး ရိုက်ကူးထားပါတယ်။ နေ​ရောင်​ကွယ်တဲ့ မြေ​အောက်စခန်းထဲက မွန်းကြပ်မှု​တွေ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ Season 1 မှာ​ လေယာဥ်တစ်စီးနဲ့ ကမ္ဘာပတ်​ပြေးခဲ့ရတဲ့ လူတစ်ခုဟာ အခု season 2 မှာ​တော့ မြေ​အောက်စစ်တပ်စခန်းတစ်ခုမှာ နေရာကျသွားကြပါပြီ။ ဒါ​ပေမဲ့ အခက်အခဲ​တွေ​တော့ရှိ​​နေပါ​သေးတယ်။ သို​​လှောင်ထားတဲ့ ရိက္ခာများပျက်စီးမှု​​ကြောင့် ငတ်မွတ်​ခေါင်းပါးမှု​ဘေးနဲ့ကြုံ​တွေ့နေရပါတယ်။ ရွေးချယ်စရာရှိတာက မြေ​​အောက်မှာ အစာပြတ်လတ်ပြီး​​သေမလား မြေပြင်​ပေါ်တက်ပြီး စွန့်စားကြမလားဆိုတာပါပဲ။ ဒါ​ကြောင့်သူတို့ဟာ နော်​ဝေနိုင်ငံမှာရှိတဲ့ မျိုး​စေ့တွေကို လေယာဥ်နဲ့သွားယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့​တော့နေ​လုံးကြီးရဲ့ အန္တရာယ်ကို​ရှောင်ကွင်းပြီး သူတို့အ​ရောက်သွားနိုင်ကြပါ့မလား။ မသွားခင် ဘယ်လို ပြသာနာ​တွေနဲ့ရင်ဆိုင်ရဦးမှာလဲ။ စတဲ့​မေးခွန်း​တွေကို CM ပရိသတ်ကြီးကိုယ်တိုင်အ​ဖြေရှာကြပါ​​တော့ဗျာ။ ဇာတ်လမ်းအညွန်းကို Thet Hnin Hsu မှ ရေးသား​ပေးထားပြီး ဘာသာပြန်သူ​တွေက​တော့ Thet Hnin Hsu, May Tharaphi Lwin, d3mon တို့ဖြစ်ပါတယ်။ File size … 350MB @ Ep Quality … 720p Webrip Format … mp4 Duration …. 30Min Subtitle …. Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw Translated by Thet Hnin Su, May Tharaphi Lwin, d3mon

အပိုင်းများ

12 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း