ဇာတ်ကားများ ရွေးရန်

Star Wars: Tales of the Jedi

2022ဇာတ်လမ်းတွဲအမှတ် 8.0/10

ဒီ စီးရီးကတော့ Star Wars ဖန်တွေအတွက် ရွှေပါပဲ။ ဂျပန်ကာတွန်းစီးရီးတွေမှာလို ဆိုရင်တော့ filler အပိုင်းတွေလို့ ပြောရမယ်ထင်ပါတယ်။ အပိုင်းတစ်ပိုင်းချင်းဆီဟာ မူရင်း Prequel သုံးကားရဲ့ခေတ်ကို အခြေခံပြီးတော့ Count Dooku နဲ့ အာဆိုးကာတာနိုတို့ရဲ့အတွေ့အကြုံနဲ့ အမြင်တွေကို ပြသသွားတာပါ။ ကွိုင်-ဂွန် ဂျင်းနဲ့ ဒိုကူတို့ရဲ့ စွန့်စားခန်းကနေ ပြည်ထောင်စုအပေါ် အမြင်စောင်းလာပုံ၊ ကွိုင်ဂွင်ဂျင်နဲ့ ဆစ်သ်တစ်ယောက်စတွေ့ပုံ Darth Maul သတ်တာခံလိုက်ရပြီးတော့ ဒိုကူရဲ့ အမြင်၊ အာဆိုးကာ နဲ့ ဆရာ အနာကင်စကိုင်းဝေါ်ကာတို့ရဲ့ အတွေ့အကြုံ၊ အော်ဒါ-၆၆ ကနေ အာဆိုးကာလွတ်လာရတဲ့အကြောင်းရင်း၊ အာဆိုးကာ အင်ပါယာတော်လှန်ရေးမှာ ပါလာပုံ၊ စတာတွေကို ဝေဝေဆာဆာလေး ဖော်ပြထားပါတယ်။ ဒီစီးရီးကို လူကြိုက်များသွားလို့ နောက်ခေတ်တွေအတွက် Tales of Jedi Season 2 ကိုတောင် ဖန်တွေ မျှော်နေကြပါသေးတယ်။ စတားဝေါရ်စကြဝဠာကို လိုက်ကြည့်ချင်တယ်ဆိုရင် ဒီစီးရီးကလည်း သေချာပေါက်ကြည့်သင့်တဲ့အထဲမှာ အပါအဝင်ပါပဲ။ File size…(290 MB)/(142 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:43:00 Genre...Animation, Sci-fi & Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း