ဇာတ်ကားများ ရွေးရန်

The Blue Ocean Diamond

2020ဇာတ်လမ်းတွဲ

မျက်ဝန်းပင်လယ်ပြာစိန် Casts လိဆာ အဖြစ် Esther Supreeleela ဖရုန်ဖွန်(မ်) အဖြစ် Son Yuke ဂျိတ်ဖ် အဖြစ် Kang Korn Sirisorn လာဖင် အဖြစ် Ak Akarat ဇာတ်လမ်းအကျဉ်း ကျောက်မျက်လုပ်ငန်းပိုင်သူ ဖခင်ဖြစ်သူ ရုတ်ရတ်ကို ကူညီနိုင်ဖို့ နိုင်ငံခြားမှာ လက်ဝတ်ရတနာဒီဇိုင်းသင်ကြားနေခဲ့တဲ့ လိဆာက ဖခင် ဆေးရုံတက်လိုက်ရတဲ့သတင်းကြောင့် ချစ်သူဖြစ်သူ ဂျိတ်ဖ်နဲ့ ဘန်ကောက်ကို အမြန်ပြန်လာခဲ့ရပါတယ် လိဆာ သိလိုက်တာက ကုမ္ပဏီမှာ အကြွေးတွေဝိုင်းနေခဲ့ပြီး အကြွေးရှင်ဆီဆပ်နိုင်ဖို့ သူ့ဟိုတယ်မှာ ဖခင်ပိုင်တဲ့ စိန်တွေကို လေလံတင်ရတော့မယ့် အခြေအနေရောက်နေခဲ့တာကိုပါ ခွန်ရုတ်ရတ်ရဲ့ စိန်တွေထဲမှာမှ ပျောက်ဆုံးနေတဲ့ရှမ်းကြီးလူမျိုးစုရဲ့ စိန်ပြာကြီးပါ ပါဝင်နေခဲ့တယ် မျက်ဝန်းပင်လယ်ပြာစိန်သတင်းကြောင့် လေလံပွဲကို တက်ရောက်ချင်သူတွေများပြားနေခဲ့တယ် ခွန်ရုတ်ရတ်အနေနဲ့ အကြွေးရှင်ဖြစ်သူက စိန်ပြာကို ခိုးယူချင်နေတယ်လို့ သံသယဝင်တာမို့ ရဲဝန်ထမ်းဟောင်းဖြစ်သူ ဖရုမ်ဖွန်(မ်)ရဲ့ လုံခြုံရေးကုမ္ပဏီကို ငှားရမ်းခဲ့တယ် လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စိန်ပြာကြီး ပျောက်ဆုံးသွားချိန်မှာတော့ ပွဲတက်သူတွေထဲက သံသယရှိသူတွေကို စုံစမ်းစစ်ဆေးရပါတော့တယ် ရှမ်းကြီးလူမျိုးစုပဲ ပိုင်ဆိုင်နိုင်တဲ့ စိန်ပြာကြီးက ဘယ်လိုလုပ် ခွန်ရုတ်ရတ်ဆီရောက်နေခဲ့တာလဲ တကယ်ပဲ ပြောကြသလို စိန်ပြာကြီးကရော ကျိန်စာသင့်နေခဲ့တာလား ဟိုတယ်မှာခိုးယူသွားသူက ဘယ်သူဖြစ်မလဲ ဆိုတာကို "မျက်ဝန်းပင်လယ်ပြာစိန်" ဇာတ်လမ်းတွဲမှာ ကြည့်ရှုနိုင်ပါတယ် ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: เนตรมหรรณพ Episodes: 9 Aired: Dec 17, 2020 - Jan 21, 2021 Aired On: Wednesday, Thursday Original Network: GMM One Duration: 1 hr. 30 min Quality__720p Format__mp4 Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း