Love Scene Number
အသက်အရွယ်ကွာဟမှုကြားက အမျိုးသမီးလေးယောက်ရဲ့ ကွဲပြားတဲ့ စိတ်ခံစားချက်တွေ အမူအကျင့်တွေ ချစ်ခြင်းမေတ္တာအပေါ်ခံယူပုံတွေကို မတူညီတဲ့ story line နဲ့တင်ဆက်ထားပြီး romantic ဆန်ဆန်ကြည့်ရှုရမယ့် Ongoing kdrama တစ်ခုကို တင်ဆက်ပေးချင်ပါတယ် Her private live ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသမီး Kim Bo Ra ကိုမှတ်မိကြသေးတယ်မလား ဒီဇာတ်ကားမှာတော့ သူဟာကောင်လေးသုံးယောက် တစ်ပြိုင်တည်းတွဲတဲ့ တက္ကသိုလ်ကျောင်းသူလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ကျန်သုံးယောက်ကတော့ မင်္ဂလာဆောင်ကနေ ထွက်ပြေးလာတဲ့ ၂၈ နှစ်အရွယ်မူကြိုဆရာမလေးရယ် ၃၅ နှစ်အရွယ် တက္ကသိုလ်နည်းပြဆရာမရယ် ပြီးတော့ အနှစ် ၂၀ ကျော်ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းရဲ့ဖောက်ပြန်မှုကို သိလိုက်ရတဲ့ ပရိဘောဂဒီဇိုင်နာတစ်ဦးရယ်ဆိုပြီး မတူညီတဲ့ဇာတ်ကြောင်းတွေနဲ့ ဇာတ်လမ်းလေးကို ဖွဲ့စည်းထားပါတယ် သူတို့ရဲ့ဘဝတွေကို ရိုက်ပြထားတာဟာ တကယ့်အပြင်လောကနဲ့တော်တော်နီးစပ်ပါတယ် ဒီလိုတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဇာတ်ညွှန်းကောင်းကောင်းတဲ့ချပြထားတာမို့ မှတ်သားစရာလေးတွေ များတာတွေ့ရပါတယ် အသက်အရွယ်ကွာဟလာတာနဲ့ အမျှ ခံယူချက်တွေကွာခြားသွားတဲ့ အမျိုးသမီးတွေရဲ့ စိတ်ခံစားတွေကို တစ်မျိုးတစ်ဖုံကြည့်ရှူရမယ့် Romance drama ဇာတ်ကားကောင်းလေးပဲဲဖြစ်ပါတယ် Translated by : ThinZar Htet ~ Thet Hnin Hsu~ Jerrica ~ Amelia Encoded by : YK Subtitles : Myanmar (Hardsub) Original Network : MBC
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း