ဇာတ်ကားများ ရွေးရန်

The Sympathizer

2024ဇာတ်လမ်းတွဲအမှတ် 10.0/104K

Oppenheimer နဲ့ လတ်လတ်ဆတ်ဆတ် အကယ်ဒမီရထားတဲ့ မင်းသားကြီး ရောဘတ်ဒေါင်နီဂျူနီယာပါဝင်ထားပြီး Old Boy ရဲ့ ဒါရိုက်တာ ပက်ချန်ဝု ရဲ့လက်ရာ စီးရီးအသစ် လာပါပြီ။ အဓိက သရုပ်တောင်ကတော့ Cowboy Bepop စီးရီးထဲက Hoa Xuande ပါပဲ။ ဇာတ်လမ်းကတော့ အမေရိကန်-ဗီယက်နမ် ပါမောက္ခ Viet Thanh Nguyen ရဲ့ ၂၀၁၅ ထုတ် ပူလစ်ဇာ ဆုရ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အရောင်းရဆုံးစာရင်းဝင်စာအုပ်ဖြစ်ပြီး အမျိုးအစားကတော့ mystery, political, metafiction,dark comedic, historical, spy, war အမျိုးအစားပါပဲ။ 1955 နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကို အခြေခံထားပါတယ်။ ဒီစစ်ပွဲကတော့ ကွန်မြူနစ်မြောက်ဗီယက်နမ်တွေနဲ့ အမေရိကန်က ထောက်ခံတဲ့ တောင်ဗီယက်နမ်တွေ ကြားမှာ ဖြစ်တဲ့စစ်ပွဲပါ။ စီးရီးပထမဆုံးအပိုင်းကိုတော့ ၁၉၇၅ ဆိုင်ဂွန်မြို့ကို မြောက်ဗီယက်နမ်တွေသိမ်းပိုက်ပြီး စစ်နိုင်သွားတဲ့အကြောင်းကနေ အစပျိုးထားပါတယ်။ အဲဒီအချိန်မတိုင်ခင် ၁၉၇၃-၇၅ ကြားမှာ အမေရိကန်တပ်တွေက ဗီယက်နမ်ကနေ စွန့်ခွာနေပါပြီ။ အဓိက ဇာတ်ကောင်ကတော့ မြောက်ဗီယက်နမ် ဗီယက်ကောင်းတွေရဲ့ သူလျိုအဖြစ် လုပ်နေတဲ့ တောင်ဗီယက်နမ်ဗိုလ်ကြီးတစ်ယောက်ပါပဲ။ ရောဘတ်ကတော့ ဗီယက်ကောင်း သူလျိုနဲ့အရမ်းခင်တဲ့ စီအိုင်အေ အေးဂျင့်အဖြစ် ပါဝင်ထားပါတယ်။ The Spy 2019 လိုမျိုး သမိုင်းနောက်ခံ စပိုင်ဇာတ်လမ်းတွဲကောင်းကောင်းတွေကို ကြိုက်တဲ့သူတွေအတွက်တော့‌ ရွှေပါပဲ။ ကြည့်လိုက်ကြပါဦး။ အပိုင်း ၇ ပိုင်းပါဝင်ပြီး အပတ်စဉ် ပြသသွားမှာဖြစ်ပါတယ်။ File size…(1.4 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:57:00 Genre...Comedy, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant, Mr. Anderson Translated by Mr. Anderson

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း