ဇာတ်ကားများ ရွေးရန်

Kaiju No. 8

2024ဇာတ်လမ်းတွဲအမှတ် 8.4/10

Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆို Kaiju ဆိုတာ ဘာလဲ သိကြမှာပါ။ မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့ အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး Rating မြင့် ရထားပါတယ်။ Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ ာတ်ကောင် Kafka နဲ့ Mina ဆိုတဲ့ကောင်မလေးက ငယ်ငယ်လေးကတည်းက သူတို့အိုးအိမ်တွေ ကျောင်းတွေ ဖျက်ဆီးခံရလို့ စိတ်နာပြီး Kaiju တွေကို ရှင်းလင်းမယ်ဆိုပြီး အိပ်မက် ရှိကြရာမှာ ဟိုကောင်မလေးကတော့ တကယ်ဖြစ်လာပြီး အကြမ်းဆုံးဆိုတဲ့ တပ်ခွဲ ၃ ခေါင်းဆောင် ဖြစ်လို့နေပါပြီ။ မင်းသားကတော့ သူ့စကားအတိုင်းပဲ သူများတွေ သတ်လို့ သေပြီးမှ အကောင်ရဲ့အလောင်းကြီးကို ရှင်းလင်းရေးလုပ်ရတဲ့ လုပ်သားတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်ရက်ကျ သူတို့အလုပ်ကို ကာကွယ်ရေးတပ်ထဲ ဝင်ချင်တဲ့အချိန်ပိုင်း အလုပ်သမားလေး ရောက်လာပါတယ်။ အစပိုင်း နှစ်ယောက်သား အဆင်မပြေကြပေမဲ့ နောက်အဆင်ပြေသွားတဲ့အချိန် လူသစ်လေးရဲ့ အားပေးစကားကြောင့် Kafka တစ်ယောက် အသက်ကြီးမှ ကာကွယ်ရေးတပ်ထဲ ဝင်မယ့်အချိန် ထူးဆန်းတာတစ်ခု ဖြစ်သွားတဲ့အခါမှာတော့…..။ ကြည့်ရတာ တော်တော် Fun ဖြစ်ပါတယ်။ ရယ်လည်းရယ်ရသလို အက်ရှင်တွေလည်း မိုက်ပါတယ် နောက်ဆုံးပိုင်း ဇာတ်အလှည့်အပြောင်းကြောင့် နောက်အပိုင်းတွေ ကြည့်ကောင်းနေမှာတော့ သေချာပါတယ်။ Opening သီချင်းဆိုရင်လည်း မိုက်တယ်ဟဆိုပြီး Youtube သွား နားထောင်ကြည့်တာ နာမည်ကျော် One Republic အဖွဲ့က ထူးထူးခြားခြား Anime သီချင်း သီဆိုပေးထားတာ ဖြစ်နေပါတယ်။ ကဲ တစ်ပတ်တစ်ပိုင်း Kaiju တွေကို ဘယ်လိုချကြမလဲဆိုတာ တူတူ စောင့်ကြည့်ကြတာပေါ့ဗျာ။ File size…    400 mb Quality… Web-DL 1080p Format… mp4 Duration…. 24m Genre ..... Comedy/Anime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

အပိုင်းများ

23 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း