ဇာတ်ကားများ ရွေးရန်

The Atypical Family

2024ဇာတ်လမ်းတွဲ

The Atypical Family (2024) အားလုံးစောင့်မျှော်နေကြတဲ့ မင်းသား Jang Ki-Yong ရဲ့ comeback drama လေးလာပါပြီ။ ဒီ fantasy-romamce ကားလေးမှာတော့ Jang Ki-Yong, Unlockedထဲက Chun Woo-Hee, Gyeongseong Creature ထဲက Claudia Kim တို့အပြင် ဝါရင့်သရုပ်ဆောင်များစွာက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း Bok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေက သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။ Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာ အချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲ သွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။ အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလို အတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့် တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေ ပျောက်ဆုံးသွားပါတော့တယ်။ ပျံနိုင်စွမ်း၊ ရှေ့ပြေးနိမိတ်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့ Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့ အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့် စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။ အဲဒီလိုနဲ့ တစ်နေ့ Do Da-Hae (Chun Woo-Hee) ဆိုတဲ့ မိန်းကလေးဟာ Gwi-Joo တို့ မိသားစုဝင်တွေနဲ့ ပတ်သတ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သူဟာ GwiJoo တို့ မိသားစုဝင်တွေရဲ့ စွမ်းအားတွေကို ပြန်လည်ရရှိအောင် လုပ်ပေးနိုင်မလားဆိုတာကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း CM နဲ့အတူ ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired: May 4, 2024 - Jun 9, 2024 Aired On: Saturday, Sunday Genres: Action, Psychological, Romance, Fantasy Episodes: 12 Original Network: jTBC Translated by Stary, Theint, Chit Thae, May Thet & Su Sandi Encoded by Tiff

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း