ဇာတ်ကားများ ရွေးရန်

ONE PIECE

2023-2026ဇာတ်လမ်းတွဲအမှတ် 8.2/104K

ONE PIECE (2023) S1 [ Complete ] +++++++++++ ONE PIECE [2026] S2 ++++++++++ အပိုင်းသစ် ( ၁ မှ ၈ ) အထိ စ / ဆုံး Anime fan ဟုတ်ဟုတ် မဟုတ်ဟုတ် One Piece ကိုတော့ လူတိုင်း ကြားဖူးကြမှာပါ။ ဒါကတော့ anime ကို live action အဖြစ် ပြန်လည် ဆန်းသစ်ထားတဲ့ စီးရီးလေးပါပဲ။ ဇာတ်လမ်းကတော့ လူတိုင်း သိနေပြီးသားမို့ အထူးတလည် ပြောနေစရာ လိုမယ်မထင်ပါဘူး။ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ အကြမ်းဆုံးဖြစ်ပြီး ပင်လယ်ဓားပြ ဘုရင်ကြီးလို့ ခေါ်ရတဲ့ Gol D. Roger ရဲ့ ရတနာသိုက်ကို ရှာပုံတော် ဖွင့်မဲ့ Monkey D Luffy နဲ့ သူ့ရဲ့ Strawhat crew တို့ရဲ့ စွန့်စားခန်းပေါ့။ ပင်လယ်ဓားပြတွေနဲ့ ရေတပ်တွေရဲ့ အားပြိုင်မှုတွေပါမယ်၊ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ နတ်ဆိုးသစ်သီး (devil fruit) စားသုံးသူရဲ့ အစွမ်းတွေ မြင်ရမယ်။ battle ခပ်ကြမ်းကြမ်းတွေ ကြည့်ရမယ်။ Anime က ဇာတ်ကွက်တွေကို live action မှာ ဘယ်လို ဆန်းသစ် သွားမလဲ၊ ဘယ်လို ဖန်တီးထားမလဲ၊ ဘယ်လို မတူတဲ့ အမြင်နဲ့ ရိုက်ကူးထားလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှု အားပေးလိုက်ကြပါအုံး။ ပရိသတ်ကြီးအကြိုက်တွေ့စေဖို့ English version ရယ် Japan version ရယ်ဆိုပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 4K Version မှာတော့ တစ်ဖိုင်ထဲမှာပဲ Japan သံရော English သံပါ ထည့်ပေးထားပါတယ်..နှစ်သက်ရာ Audio Truck ကိုရွေးပြီး ကြည့်ရှုခံစားလို့ရပါတယ်။ 1080p နဲ့ 720p မှာတော့ သီးခြားဆီ တင်ပေးထားပါတယ် စိတ်ပါရာကနေ download ပါ။ (မူရင်းအသံကတော့ Eng အသံပဲဖြစ်လို့ Eng အသံနဲ့ကြည့်ရင် ပါးစပ်လှုပ်တဲ့အတိုင်းကွက်တိပါပဲ၊ ဂျပန်အသံကတော့ မူရင်းအသံသရုပ်ဆောင်တွေရဲ့အသံဖြစ်လို့ ဝမ်းပိစ်ဖန်တွေအမှတ်တရပြန်ကြည့်လို့ရအောင် တင်ပေးထားတာပါ) File size… (2 Gb)/ (1 Gb) / (540 Mb) Quality….WEB-DL 4K HEVC / 1080p /720p Format…mkv/mp4 Duration….01:04:00 Genre...Comedy, Action, Adventure Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

16 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း