ဇာတ်ကားများ ရွေးရန်

The 8 Show

2024ဇာတ်လမ်းတွဲ

The 8 Show (2024) Survival Series အမျိုးအစားကို သဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက် The 8 Showဆိုတဲ့ Series အသစ်ထွက်ရှိလို့လာပါပြီ။ ဒီစီရီးကတော့ Money Gameနဲ့ Pi Game ဆိုတဲ့ Webcomic နှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ငွေလိုအပ်နေတဲ့ လူ၈ယောက်ဟာ Money Gameလို့‌ ခေါ်တဲ့ Reality Variety Showကို ဖိတ်ကြားခံလိုက်ရပြီး ဗလာနတ္ထိဖြစ်‌နေတဲ့ ကွန်ကရစ်နံရံတွေကြားမှာ ရက်၁၀၀ တိတိနေရမှာ ဖြစ်ပါတယ်။ ရက်၁၀၀ အထိ နေနိုင်သွားရင်တော့ ၄၄.၈ဘီလီယံဆိုတဲ့ ဆုကြေးကို အညီအမျှ ခွဲဝေယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အတွက် နေ့စဉ် လိုအပ်တဲ့ အစားအသောက် အသုံးအဆောင် ပစ္စည်းတွေဟာ သာမန် ဈေးနှုန်းထက် အဆ၁၀၀၀ များပြားပြီးတော့ ဆုကြေး‌ငွေထဲကနေ နုတ်ယူခံရမှာ ဖြစ်တယ်။ ကွန်ကရစ် စတူဒီယိုထဲက သူတို့၈ယောက် ဘယ်လို စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမှာလဲ...။ Cast တွေအနေနဲ့ကတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Reply 1988ထဲက မင်းသား Ryu Joon Yeol, လက်ရှိပြသနေတဲ့ The Atypical Family ထဲက မင်းသမီး Chun Woo Hee, The World of The Married ထဲက မင်းသားကြီး Park Hae Joon , Smuggler ထဲက Park Jeong Min တို့အပြင် တခြား သရုပ်ဆောင်ကောင်းတွေ အများကြီး ပါဝင်ထားတာမို့လို့ ဘယ်သူတွေက ဘယ်လို ဇာတ်ရုပ်မျိုး ဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်စားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ (အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) Episodes: 8 Aired: May 17, 2024 Aired On: Friday Original Network: Netflix Duration: 60 mins Genres: Thriller, Mystery, Psychological, Drama Translated by Lai Laii, Stary, Chothet, Treasure Theint, Hsu Pyae & Yee Wai Encoded by Tiff & AHtet

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း