Maxton Hall - The World Between Us
Maxton Hall – The World Between Us ( 2024 ) ဒီစီးရီးကတော့ ကျွန်တော်တို့ဒရာမာပေါင်းစုံမှာ မြင်နေရတဲ့ ထိတ်ထိတ်ကြဲလူချမ်းသာ လူဘော်ကြော့ သူဌေးသားနဲ့ ရိုးသားကြိုးစားဆင်းရဲတဲ့ ကျောင်းသူမလေးတို့ကြားက ဒရာမာတွေကို အခြေတည်ထားတဲ့ စီးရီးပဲ။ ကောင်လေးရယ် ကောင်မလေးရယ် ခြားထားတဲ့ ကမ္ဘာတွေရယ်ပေါ့။ ထူးတာက ဒီစီးရီးက ကျွန်တော်တို့မြင်နေကျ နိုင်ငံတွေက စီးရီးတော့မဟုတ်ဘူး။ ဂျာမနီက ထုတ်တဲ့စီးရီး။ ဒါကြောင့်မို့ပဲ ထူးခြားသွားလို့လားတော့မသိ Maxton Hallစီးရီးဟာ အမေဇုန်ပရိုင်းရဲ့ ကြည့်ရှုသူအများဆုံးစီးရီးစာရင်းထဲ နိုင်ငံပေါင်း၁၂၀မှာ ထိပ်ဆုံးမှာ ရောက်နေတယ်။ ဂျာမနီစာရေးဆရာမMona Kastenရဲ့ Save Me ဆိုတဲ့ စာအုပ်ကိုပဲ ပြန်ရိုက်ထားတယ်။ လက်ရှိမှာ Season 1 ထွက်ရှိထားပြီး အောင်လည်းအောင်မြင်နေတာမို့ Season 2ပါ ဆက်ထွက်ဖို့ ပရိုင်းက မီးစိမ်းပြထားတယ်။ ဇာတ်လမ်းကတော့ Pride and Prejudice, Gossip Girl,နဲ့ Gilmore Girlsတို့ကို ရောသမမွှေထားသလိုပဲ လို့တော့ ပြောကြတယ်။ ရူဘီဆိုတဲ့ကျောင်းသူလေးက မက်တန်ဟောလ်ဆိုတဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်ရပြီး ကျောင်းလာတက်နေတယ်။ သူ့အိပ်မက်ကတော့ အောက်စ်ဖို့တက္ကသိုလ်မှာ ဝင်ခွင့်ရဖို့ပေါ့။ သူက သူ့အိပ်မက်အတွက် အသေအလဲကြိုးစားနေတဲ့ ကျောင်းသူလေးတစ်ယောက်ပဲ။ အဲဒီကျောင်းက တကယ့်ထိတ်ထိတ်ကြဲ သူဌေးသား သမီးတွေချည်းရှိနေတဲ့ ကျောင်းလို့ပြောရမယ်။ အဲဒီထဲမှာမှ အထင်ရှားဆုံးက ဂျိမ်းစ်ဘဲလ်ဖို့လို့ခေါ်တဲ့ နာမည်ကျော်ဘဲလ်ဖို့မိသားစုကြီးက မျိုးဆက်။ ချမ်းသာသလိုပဲ လူချမ်းသာသူဌေးသားတွေကို ကိုယ်စားပြုနေတဲ့ အချိုးမပြေခြင်းပေါင်းများစွာလည်း သူ့မှာရှိနေတယ်။ ဒီလိုနဲ့ ဂျိမ်းစ်နဲ့ရူဘီတို့ဟာ သူတို့မထင်ထားတဲ့ပြဿနာတစ်ခုကနေစပြီး တစ်ယောက်နဲ့တစ်ယောက် ပတ်သက်ရဖို့အကြောင်းဖန်လာတယ်။ ဒီလိုပတ်သက်လာတဲ့အခါမှာ အစက ရူဘီရဲ့ ကမ္ဘာဟာ မတည်ရှိသလိုဖြစ်နေခဲ့ပေမဲ့ ဂျိမ်းစ်ကြောင့် ရူဘီ့ကမ္ဘာဟာ မြင်သာလာတဲ့နောက် ရူဘီနဲ့ကျောင်းက တခြားလူတွေကြားက ခြားထားတဲ့ကမ္ဘာဟာ ပိုပေါ်လွင်လာခဲ့တယ်။ ဂျိမ်းစ်နဲ့ ရူဘီကြားက ခြားထားတဲ့ ကမ္ဘာအထပ်ထပ်ဟာလည်း ပိုပေါ်လွင်လာခဲ့တယ်။ သူတို့ကြားခြားထားတဲ့ ကမ္ဘာအထပ်ထပ်ကို ရူဘီနဲ့ဂျိမ်းစ်တို့ အချစ်နဲ့ပဲ ကျော်လွှားမလား ကိုယ့်လမ်းပဲကိုယ်ဆက်လျှောက်ကြမလား ကြည့်ရမယ့် စီးရီးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) Season 2 IMDb - 7.5/10 RT- 70% ဂျာမန်ရုပ်သံစီးရီးတစ်ခုဖြစ်သည့် Maxton Hall – The World Between Us သည် ချမ်းသာကြွယ်ဝသော အထက်တန်းလွှာများသာ တက်ရောက်သည့် ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို အခြေခံထားသည်။ ထိုကျောင်းတွင် ပညာတော်သင်ဆုဖြင့် တက်ရောက်နေရသော မိန်းကလေး ရူဘီ ဘဲလ် နှင့် မာနကြီးသော အမွေခံဖြစ်သူ ဂျိမ်းစ် ဘော့ဖို့ဒ် တို့ကြားက မမျှော်လင့်ထားသော အချစ်ဇာတ်လမ်းကို အဓိကထား ရိုက်ကူးထားပါသည်။ ဤစီးရီးသည် စာရေးသူ Mona Kasten ၏ Maxton Hall Trilogy (သုံးပိုင်းတွဲ) ဝတ္ထုရှည်များဖြစ်သော (Save Me, Save You, Save Us) ကို အခြေခံထားခြင်း ဖြစ်သည်။ Season 1 ကို "Save Me" ဝတ္ထုကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့ပါသည်။ Season 1 တွင် ရူဘီနှင့် ဂျိမ်းစ်တို့၏ ပဋိပက္ခ အစပြုရာမှ ချစ်ကျွမ်းဝင်လာပုံ၊ ဂျိမ်းစ်၏ အတ္တကြီးသော ဖခင် မော်တီမာ၊ ဆရာဖြစ်သူ မစ္စတာ ဆတ်တန်နှင့် ချစ်ကြိုက်နေသော ဂျိမ်းစ်၏ အမွှာညီမ လစ်ဒီယာ စသည့် အကြောင်းအရာများ ပါဝင်ပါသည်။ ထို့ပြင် မက်စ်တန်ဟောလ်ကျောင်းသားများ၏ ပန်းတိုင်ဖြစ်သော အောက်စ်ဖို့ဒ် တက္ကသိုလ်ဝင်ခွင့် ရရှိရန် ကြိုးစားကြပုံများနှင့် ဗစ်တိုးရီးယားစတိုင် ပရဟိတပွဲ ကျင်းပရန် ပြင်ဆင်ကြပုံများကိုပါ ရှုစားခဲ့ရသည်။ ဤစီးရီးသည် အအောင်မြင်ဆုံး non-American Amazon Prime Video Original အဖြစ် ကမ္ဘာတစ်ဝန်းတွင် နံပါတ် ၁ နေရာ ရရှိခဲ့ပါသည်။ ယခု Season 2 ကို စာရေးသူ Mona Kasten ၏ "SAVE YOU" ဝတ္ထုကို အခြေခံကာ ဒါရိုက်တာ Martin Schreier က ရိုက်ကူးတင်ဆက်ထားပါသည်။ အဓိက အစ: ဂျိမ်းစ်နှင့် လစ်ဒီယာတို့၏ မိခင် ကွယ်လွန်သွားခြင်းကြောင့် ဂျိမ်းစ်တစ်ယောက် ပြိုလဲပြီး ရူဘီ အပါအဝင် မည်သူနှင့်မှ အဆင်မပြေ ဖြစ်နေပုံဖြင့် ဇာတ်လမ်းကို စတင်ထားပါသည်။ တစ်ဖက်တွင် ရူဘီကမူ မက်စ်တန်ဟောလ်ကျောင်းအုပ်ကြီး တာဝန်ပေးထားသော ပရဟိတ ရန်ပုံငွေပွဲ ကို အခက်အခဲများကြားမှ ကြိုးစားဖန်တီး စီစဉ်ရပုံများကို တင်ဆက်ထားပါသည်။ လောလောဆယ်တွင် ၃ ပိုင်း ထွက်ရှိထားပြီး ကျန်ရှိသည့် အပိုင်းများကိုလည်း ဆက်လက် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ သရုပ်ဆောင်များကတော့ ဂျိမ်းစ် ဘော့ဖို့ဒ် အဖြစ် Damian Hardung ရူဘီ ဘဲလ် အဖြစ် Harriet Herbig-Matten လစ်ဒီယာ ဘော့ဖို့ဒ် အဖြစ် Sonja Weißer မော်တီမာ ဘော့ဖို့ဒ် အဖြစ် Fedja van Huêt လင်း ဝမ် အဖြစ် Andrea Guo နဲ့ အမ်ဘာ ဘဲလ် အဖြစ် Runa Greiner တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒါရိုက်တာကတော့ Martin Schreier ဖြစ်ပြီး Mona Kasten ရဲ့ "SAVE YOU" ဝတ္ထုကို အခြေခံထားပါတယ်။ Quality_Blu-Ray 1080p / 720p Format_mp4 Aired: 2024 Original Network: Prime Video Duration_00:45:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
အပိုင်းများ
12 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း