ဇာတ်ကားများ ရွေးရန်

The Revenge

2024ဇာတ်လမ်းတွဲ

ငြိုးမာန်ဖွဲ့ကလဲ့စား (၂၀၂၄) ရာသီဥတုလေးအေးနေချိန်နဲ့ အံကိုက်ဖြစ်မယ့် Ch7လက်ရာ အလောင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ အလောင်ကားတို့ထုံးစံအတိုင်းပဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးနဲ့ သူ၏ မလည်ရှုပ်ဇယားများအကြောင်း ကြည့်ရှုခံစားရမှာပါ။ သိပ်ကိုချောမောခန့်ညားပြီး ပြောစရာမရှိတဲ့ သခင်ကြီး ခွန်ဝိဆွတ်မှာ ပြစ်ချက်နဲ့တူတာ တစ်ခုပဲရှိပါတယ်။ ရုပ်ရည် အရည်အချင်း ရာထူးဂုဏ်သိမ် ဘယ်နေရာမှာမှ အပြစ်ဆိုစရာမရှိသူပီပီ မိန်းမတိုင်းက ငမ်းငမ်းတက်နေပြီး မဆွတ်ခင်ကညွတ်ချင်နေကြတော့ လွယ်လွယ်ရနေတဲ့ခွန်ဝိဆွတ်ဟာလည်း ရွက်ကျပင်ပေါက် ငပွေငရှုပ်ဖြစ်နေတာပေါ့။ ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ခွန်ဝိဆွတ်က တကယ်အတည်ယူတဲ့သူကတော့ မင်းမျိုးမင်းနွယ် သခင်ဖရာရဲ့သမီးဖြစ်တဲ့ ခွန်ရာယာကိုပါ။ ဒါပေမဲ့ ခွန်ရာယာတစ်ယောက် ယုံမှတ်လို့ပုံအပ်ပြီး ခွန်ဝိဆွတ်အိမ်စရောက်တဲ့နေ့မှာပဲ ခွန်ဝိဆွတ်ရဲ့ဇယားတွေနဲ့ပက်ပင်းတိုးပါတော့တယ်။ ဒါပေမဲ့ နူးညံ့သိမ်‌မွေ့ပြီး အရှက်အကြောက်ကြီးလှတဲ့ခွန်ရာယာဆိုတဲ့မျက်နှာဖုံးနောက်ကွယ်မှာ ရက်စက်ပြီးသွေးအေးတဲ့သူဖြစ်နေတဲ့အခါ.... အချောအလှမြင်တိုင်း သခင်ကစ ကျွန်အဆုံး အလွတ်မပေးတဲ့ ခွန်ဝိဆွတ်နဲ့ ရက်စက်တတ်တဲ့အပြုံးတုပိုင်ရှင်ခွန်ရာယာတို့ကြား မြေစာပင်တွေက ဘယ်သူတွေဖြစ်လာမလဲ။ ကြမ္မာရဟတ်တစ်ပတ်လည်ချိန်မှာ အပြစ်ကြွေးကိုယ်စီကို ဘယ်လိုပေးဆပ်ကြမလဲ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 650MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Su Myat, Laris M Encoder ..... Aaron

အပိုင်းများ

38 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 38 အပိုင်း

ဇာတ်လမ်းအကြောင်း