ဇာတ်ကားများ ရွေးရန်

Amazon Riders (or) Kamen Rider Amazons

2016ဇာတ်လမ်းတွဲအမှတ် 8.5/10

Tokusatsu ရဲ့ Dark ဖြစ်တဲ့ Series  သို့မဟုတ် Kamen Rider Amazonz 2016 ပုံစံတွေကြည့်ပြီး ကလေးကြည့် Power Ranger ကားလိုမျိုး တွေးလိုက်ရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ်။ ဒီ Series က ကလေးကြည့်ကားလို့ ပြောလို့မရပဲ Bloody Scene တွေသေအောင်ပါတဲ့  Kamen Rider ပါ။ အရင် Tokusatsu ကရိုက်တဲ့ Kamen Rider Series တွေက အကုန်ပေါ့ပေါ့ပါးပါးနဲ့ပဲ လူတိုင်းကြည့်လို့ရအောင် ရိုက်ထားပါတယ်။သာမန် Kamen Rider တွေထဲက Power Rangers Logic တွေထဲက မထွက်နိုင်တာမျိုးပေါ့ဗျာ။ ခုတ်လိုက်ရင် မီးပွားလေးတွေပွင့်သွားတာ.. လူဆိုးဆိုရင်လူတွေကို ဘာမှမလုပ်ပဲ အနောက်က  လိုက်ခြောက်နေတာမျိုးတွေ။ ဒီ Series မှာ လိုက်မခြောက်ပါဘူး။ တစ်ခါထဲကို ခေါင်းဖြတ်သတ်ပစ်တာပါ။ ဘာ ဆင်ဆာ မှမပါဘူးနော်။ ဓားကြီးနဲ့ ရွှမ်းခနဲ ပီပီပြင်ပြင် ဖြတ်ပစ်လိုက်တာ။ ဒီ Amazon Series မှာ မီးပွားပွင့်ထွက်ဖို့နေနေသာသာ သတ်ပုတ်တဲ့အခန်းတိုင်း သွေးသံတရဲရဲနဲ့ဖြစ်နေတာမို့လို့  ငါကြည့်နေတာ Kamen Rider လား လူသတ်ကားလား လို့တောင် တွေးမိတဲ့အထိပါပဲ။ သရုပ်ဆောင်တွေ သရုပ်ဆောင်ချက်ကလည်း  ပြောစရာမလိုဘူး။မိတ်ကပ် Effect တွေ CGI တွေကလည်း တော်တော်လေး မဆိုးဘူးလို့ပြောလို့ရပါတယ်။  မင်းသမီးလေးတွေဆို ချစ်စရာလေးတွေ ❤ Iyu & Mizuki ❤❤ AmazonZ Alpha (အနီ) အဖြစ် သရုပ်ဆောင်တဲ့ Takayama Jin ဆိုရင် တကယ်မိုက်ပါတယ်.... Alpha ဇာတ်ကောင်က သူ့အတွက် သီးသန့်လား လို့တောင် ထင်ရတဲ့အထိပဲ။ Season 2 ကတော့ တကယ် အကောင်းဆုံးပါ။ ဇာတ်လမ်းလှည့်ကွက်တွေ Plot တွေကလည်း  မြန်မာကားတွေလို အစကြည့် အဆုံးသိမဟုတ်ပဲနဲ့  ကိုယ်မသိတဲ့အချိန်မှာတောင် ဇာတ်လမ်းကိုလှည့်သွားတာပါ.. ထည့်မရေးတော့ပါဘူး မကြည့်ရသေးတဲ့သူတွေအတွက်  Spoil တယ်ဖြစ်မှာစိုးလို့။  သတ်တာဖြတ်တာတွေ Sci-Fi တွေ ကြိုက်တယ်ဆိုရင် ကြည့်ကို ကြည့်သင့်တဲ့ Series နော်။ တစ်ခါမှ Kamen Rider ကို Review မတင်ဖူးပါဘူး။ ဒါက ကြည့်ဖူးသမျှထဲမှာ အလန်းဆုံးအမိုက်ဆုံးဖြစ်နေလိုပါ.. IMDB rating-8.1 ရထားတဲ့  ဒီ Kamen Rider Amazons ဟာ ၁၉၇၄-၇၅ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ Kamen Rider Amazon ကို Reboot လုပ်ထားတဲ့ Series တစ်ခုဖြစ်ပြီး Season ၂ခု ( 1 Season=Episode 13 ပိုင်းနဲ့ စုစုပေါင်း ၂၆ ပိုင်းရှိပြီး) ဒီနှစ်ထဲမှာလည်း Kamen Rider Amazon: The Last Judgement ဆိုပြီး Movie အနေနဲ့ပါ ရိုက်ကူးမယ့် ဂျပန် Action Drama Thriller စီးရီးလေးပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆေးပညာနည်းပညာတွေ ခေတ်မှီလာတဲ့အချိန်မှာ ဂျပန် နာဇိုမီဆေးကုမ္ပဏီကနေ ဆေးပညာအတွက်ရော နည်းပညာနဲ့တိုက်ခိုက်ရေး ဘက်စုံသုံးနိုင်အောင်ဖို့အတွက် လူဖန်တီးထားတဲ့ ဇီဝသက်ရှိတစ်မျိုးကို နှစ်ပေါင်းများစွာ ငွေကုန်ကြေးကျခံပြီး ဖန်တီးနိုင်ဖို့ကြိုးစားခဲ့ရာက စမ်းသပ်မှုအောင်မြင်ပြီး Amazons ဆိုတဲ့ ဆဲလ်တစ်မျိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ Amazonရဲ့ အားသာချက်ကတော့ ဒီဆဲလ်လေးကနေပြီးတော့ ဇီဝမျိုးကွဲသတ္တဝါစုံကို ဖန်တီးလို့ရသလို လူသားကိုယ်ထဲထိုးသွင်းပေးရင်လည်း အားအင်သန်မာစေနိုင်ပါတယ်။ အားနည်းချက်ကတော့ လူသားဆဲလ်နဲ့ဖန်တီးထားတာကြောင့်  အဟာရအဖြစ်  လူသားဆဲလ် protein(အသားဓာတ်)ကိုလိုအပ်လာပြီး Amazon ဆဲလ်များနိုးထလာပြီး လူသားစားသတ္တဝါအဖြစ်ပြောင်းသွားတတ်ပါတယ်။ ဒီအားနည်းချက်ကို ဆေးရည်တစ်မျိုးနဲ့ နှစ်နှစ်ခန့်ကြာအောင်တော့ထိန်းထားနိုင်ပါတယ်။ ကုမ္ပဏီက ထိန်းချုပ်နိုင်မယ့်နည်းလမ်းရှာဖွေနေတုန်းမှာပဲ ဓါတ်ခွဲခန်းမတော်တဆဖြစ်ပြီး စမ်းသပ်ထားတဲ့သူ ၄၀၀၀ ကျော်ခန့်  ပျောက်ဆုံးသွားခဲ့တယ်။ ဒီသတ္တဝါတွေဟာ ဆာာလောင်မှုအတွက်လူသားများကို သတ်ဖြတ်စားသောက်နေတာကြောင့် အဲ့လိုသတ်ဖြတ်စားသောက်တဲ့ Amazon တွေကို ချေမှုန်းနေတဲ့အဖွဲ့ကို ကုမ္ပဏီက ပြင်ပလူတွေမသိအောင် လျှို့ဝှက်ဖွဲ့စည်းထားပြီး တိတ်တဆိတ်နဲ့ အပြင်လူမသိအောင်လိုက်လံချေမှုန်းနေရတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ မီဇူဆာဝါ ဟာရူကာဟာလည်း အဲ့ဒီစမ်းသပ်ခံတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ မွေးစားအမေရဲ့ ထိန်းချူပ်မှုအောက်မှာနေထိုင်နေရပါတယ် Amazon ဆဲလ်များမနိုးထလာစေရန်အတွက်လည်း ဆေးတွေသောက်ပြီးတော့ နေနေရသော်လည်းရ တစ်ရက်မှာတော့ သူ့ရဲ့စိတ်အတွင်းက Amazon ကသူ့ကိုထိန်းချူပ်နိုင်သလိုဖြစ်ကာ ဆေးမသောက်မိပဲ ထွက်ပြေးသွားရာကနေ သူနဲ့ အနွယ်ဝင်ဖြစ်တဲ့ Amazon Alpha ဖြစ်သူ တာကာယာမ ဂျင်းနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်လာသလဲ မျိုးရိုးဗီဇပြောင်း Amazon တွေကပဲ လူသားမျိုးနွယ်ကို သတ်ဖြတ်မျိုးတုန်းစေမလားဆိုတာကတော့ ဆက်လက်ကြည့်လိုက်ကြပါ..... Quality ..... BluRay 720p Review by ... Htoo Aung & Little Twinlay Translator ..... Little Twinlay Encoder ....... Moe Myint Lwin

အပိုင်းများ

26 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 13 အပိုင်း

ဇာတ်လမ်းအကြောင်း